CCTV System

နံရံပေါ်မှ မျက်လုံးများလို့ တင်စားခေါ်ဝေါရလောက်သည့် CCTV အကြောင်းကို အနည်းငယ် ရှင်းပြလိုပါသည်။

CCTV System တစ်ခုတွင် ပါဝင်သည့် ပစ္စည်းများမှာ –

Camera – DVR (Digital Video Recorder) – Hard disk နဲ့ Cable တို့ပဲဖြစ်ပါတယ်။

Camera မှာ အရပ်အခေါ်အရ Analog နဲ့ Digital ဆိုပြီးနှစ်မျိုးရှိပါတယ်။ Analog ကတော့ Camera ရဲ့ ကြည်အားကို TVL (TV Line) နဲ့တိုင်းတာ ပြီးတော့ Digital ကတော့ ကြည်အားကို Pixel (resolution) နဲ့တိုင်းတာ ခွဲခြားပါတယ်။

Recorder Device မှာလည်း ၂ မျိုးရှိပါတယ်။ DVR ကို Analog Camera အတွက်အသုံးပြုပြီးတော့ NVR (Network Video Recorder) ကိုတော့ Digital Camera အတွက်အသုံးပြုရပါတယ်။

Hard disk ကတော့ Computer ထဲမှာ ထည့်သွင်းအသုံးပြုတဲ့ Internal Hard disk ကိုပဲ အသုံးပြုရတာဖြစ်ပါတယ်။ DVR ရော NVR မှာပါ ထည့်သွင်းအသုံးပြုပေးရပါတယ်။ Camera တွေမှ ရိုက်ယူထားသော Video များကို ထို hard disk ထဲတွင် ထည့်သွင်း သိုလှောင် ထားခြင်းဖြစ်ပါတယ်။ Hard disk ပမာဏကို မိမိစိတ်ကြိုက်သုံးနိုင် ပါတယ်။ Analog Camera ၄ လုံးအသုံးပြုမည် ဆိုပါက 1TB Hard disk တွင် ၆ လစာခန့်ထိန်းသိမ်းထားနိုင်ပါတယ်။ Harddisk ပြည့်သွားတဲ့အခါ အဟောင်းများကို သူ့အလိုလို ဖျက်သွားပါတယ်။ အဲဒါကြောင့် Hard disk ထဲမှာ လွန်ခဲ့တဲ့ ၆ လစာခန့် Video များရှိနေမှာဖြစ်ပါတယ်။

Camera ရဲ့ကြည်အားများရင် သိမ်းတဲ့ File Size လည်းများလို့ Hard disk နေရာပိုစားမှာဖြစ်ပါတယ်။ Hard disk နေရာပိုစားတဲ့အတွက် ထိန်းသိမ်းထားနိုင်တဲ့ အချိန်နဲသွားမှာ ဖြစ်ပါတယ်။

ဥပမာ။ TVL 420 Camera က 1TB Hard disk တွင် ၁ နှစ်စာ သိမ်းထားနိုင်ပါတယ်က TVL 800 Camera သည် 1TB Hard disk တွင် ၆ လစာသာ သိမ်းနိုင်တော့မည်ဖြစ်ပါသည်။

Cable တွင် Analog Camera နှင့် DVR ချိတ်ဆက်ရန် CCTV Cable 75 ohm ကိုအသုံးပြုပြီးတော့ Digital Camera နှင့် NVR ကိုချိတ်ဆက်ရန် အတွက်မူ Network Cable ကိုအသုံးပြုရပါတယ်။ Analog Camera များအတွက် Balun connector များကို အသုံးပြု၍ CCTV cable မဟုတ်သည့် အခြင်း မည်သည့် Cable ဖြင့်မဆို ချိတ်ဆက်နိုင်ပါသေးတယ်။

CCTV ကို Analog ရော Digital ပါ Wireless အသုံးပြု၍ ချိတ်ဆက် နည်းများကို ဖော်ပြပေးသွားပါအုံးမည်။

ကျေးဇူးတင်ပါသည်။