Way to Create Password
သင့် Password ကိုလုံခြုံအောင် ..
သင့် အကောင့်ပေါင်း များစွာမှ Password ပေါင်းများစွာကို
မေ့မသွားရလေအောင် အောက်ပါနည်းလေးကို အသုံးပြုပြီး မှတ်သားထားနိုင်ပါတယ်။
ဒီလိုပါ မိမိတို့ရဲ့ Email အကောင့်နာမည်တွေကို Encrypt လုပ်ပြီး ထွက်လာတဲ့ စာသားလေးတွေကို Password အဖြစ်ပြန်သုံးတာပါပဲ။
တကယ်လို့ Password မေ့သွားတယ်ဆိုရင် Email အကောင့်နာမည်ကို
ပြန်ကြည့်ပြီး စဉ်းစားယူလို့ရတဲ့နည်းလမ်းလေးပါပဲ။
အရင်ဆုံးလိုအပ်တာကတော့ KEY ပါပဲ။ ဆိုကြပါစို့ …
KEY A = K
KEY 0 = 4
KEY ဆိုတာကတော့ အစားထိုးဖို့အတွက် သတ်မှတ်ထားတာလေးပဲ
ဖြစ်ပါတယ်။ မိမိ KEY ကိုမိမိ စိတ်ကြိုက်သတ်မှတ်ထားနိုင်ပါတယ်။ A ဟာ K နဲ့ တူတယ်ဆိုရင် B ဟာ L ဖြစ်ပါမယ်။ C ဟာ M ဖြစ်ပါမယ်။ အောက်က Table လေးကို ကြည့်လိုက်ပါ။
A B C D E F G H I J K L M N O P Q R S T U V W X Y Z
K L M N O P Q R S T U V W X Y Z A B C D E F G H I J
0 1 2 3 4 5 6 7 8 9
4 5 6 7 8 9 0 1 2 3
အခုဆိုရင် ကျွန်တော်တို့ KEY နဲ့ Tabel လေးကို တည်ဆောက်ပြီးသွားပါပြီး Encrypt လုပ်ကြည့်ပါတော့မယ်။
မိမိရဲ့ Email နာမည်က mgmg.2014@gmail.com ဆိုကြပါစို့
m g m g . 2 0 1 4
w q w q . 6 4 5 8
wqwq.6458 ဆိုတဲ့ Encrypted text လေးကိုရလာပါပြီ။ Password အနေနဲ့ အသုံးပြုဖို့အတွက် သင့်တော်တဲ့ အနေအထားပါပဲ။
ရုတ်တရက်ကြည့်လိုက်ရင် မှတ်မိဖို့ခက်တယ်လို့ ထင်ရပေမယ့် အသုံးပြုတာများသွားတဲ့အခါမှာတော့ မှတ်မိလာပါလိမ့်မယ်။
မိမိ ပိုင်တဲ့ နောက်ထပ် Email တစ်ခုကိုလည်း ဒီ KEY နဲ့ Encrypt လုပ်ကြည့်ပါမယ်။
mgmgoffice@gmail.com
wqwqyppsmo
မိမိမှာ ရှိသမျှ အကောင့်တွေအားလုံးကို KEY တစ်ခုတည်းကနေ Encode လုပ်ပြီး မှတ်ထားမယ်ဆိုရင် တကယ်လို့ မသုံးတာအရမ်းကြာတဲ့ အကောင့် တစ်ခုကို ပြန်သုံးချင်လို့ Password မေ့နေတယ်ဆိုရင် Email နာမည်ကို ကြည့်ပြီး Password ကိုပြန်ဖော်လို့ ရပါလိမ့်မယ်။ KEY ကိုတော့ မမေ့ဖို့လိုပါတယ်။
ကျေးဇူးတင်ပါသည်။
Encryption Method – Substitution Cipher
(zawgyi)
KEY A = K
KEY 0 = 4
0 1 2 3 4 5 6 7 8 9
4 5 6 7 8 9 0 1 2 3
m g m g . 2 0 1 4
w q w q . 6 4 5 8
mgmgoffice@gmail.com
wqwqyppsmo
ကျေးဇူးတင်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *