Free Things of Internet
အွန်လိုင်းပေါ်မှာ အလကားရတိုင်း ကောင်းလား / မကောင်းဘူးလား ?
အလကားရတာတော့ ကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ ဘာတွေများ အလကားရနိုင်လို့လဲ လို့ မေးခွန်း ထုတ်စရာပါ။ အွန်လိုင်းပေါ်မှာ ..
ဆော့ဝဲလ်တွေ .. ဂိမ်းတွေ .. စာအုပ်တွေ ( ebook – PDF ) သီချင်းတွေ .. ရုပ်ရှင်တွေ .. စသည်ဖြင့် စသည်ဖြင့် အလကားရနိုင်တဲ့ အရာတွေ အများကြီးပါ။
မိမိ အပင်ပန်းခံပြီး ဖန်တီးထားတဲ့အရာကို မည်သူမှ အလားမပေးချင် ကြတာတော့ အမှန်ပါ။ သို့ပေမယ့် နည်းပညာဖွံဖြိုးတိုးတက်အောင် မိမိပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင် မျှဝေတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။ တချို့ Software Company တွေကတော့ ပထမဆုံး version ကို အလကားပေးတယ် အဲဒီထက် ပိုကောင်းတဲ့ version ကို ရောင်းတယ်။ အဲဒီတော့ အလကားမျှဝေထားတာလဲ မဟုတ် ပိုက်ဆံနဲ့ ရောင်းတဲ့ software / game ကိုအလကား သုံးလို့ရတာကော ဘာကြောင့်ပါလဲ ..?
၂ ချက်ရှိနိုင်ပါတယ်။
၁ အချက်က ဈေးအရမ်းကြီးပြီး လူတိုင်းမသုံးနိုင်တဲ့ Software အရမ်းအသုံးတည့်တဲ့ Software တွေကို Cracker တွေက Crack ပြီး လူတိုင်းသုံးနိုင်အောင် ပြုလုပ်လိုက်ကြတာပါပဲ။ အဲဒီရည်ရွယ်ချက် ကတော့ကောင်းပါတယ်။ အဲဒီလို Cracker တွေကြောင့်လည်း ကမ္ဘာကြီးဟာ အချိန်တိုတိုအတွင်းမှာ တိုးတက်လာတာပါ။
၂ အချက်ကတော့ Hacker / Cracker တွေဟာ ပိုက်ဆံနဲ့ရောင်းတဲ့ Software တွေကို Crack ပါတယ်။ ပြီးတော့ Crack လုပ်ထားတဲ့ Software တွေမှာ Virus တွေ Trojan တွေ RAT တွေ စသည်ဖြင့် Computer ကို ဒုက္ခပေးနိုင်တဲ့ ဒါမှမဟုတ် အသုံးပြုသူရဲ့ ကိုယ်ရေး အချက်အလက်၊ Password တွေနဲ့ Bank အကောင့်တွေကို ခိုးယူနိုင်တဲ့ Program လေးတွေ ထပ်ပေါင်းထည့်ထားတတ်ကြပါတယ်။ ဒါကတော့ ကိုယ်ကျိုးအတွက် သက်သက်ပါ။
နံပါတ်၂ အချက်နဲ့ တွေ့သွားမယ်ဆိုရင်တော့ မိမိအတွက် အဲဒီ Software တန်ဖိုးထက် မကာမိတဲ့ ဆုံးရံှုးမှုမျိုးတွေ ကြုံတွေ့သွားနိုင်ပါတယ်။
အကောင်းဆုံး အကြံပေးချင်တာကတော့ ..
(၁) မူရင်း Company / Organization / Developer များမှ အလကားပေးသော Software / Game များကို အသုံးပြုပါ။
(၂) ပိုက်ဆံဖြင့် ဝယ်သုံးရသော Software / Game များကို အသုံးပြုပါ။
(၃) Cracked Version များကို အသုံးပြုမယ်ဆိုရင်တော့ KEY ထည့်သွင်း အသုံးပြုရသော Software / Game များကို အသုံးပြုပါ။
(၄) နောက်ဆုံးမှ မဖြစ်မနေ Patch ( Program Run ပြီး Crack ပြုလုပ်ရသော ) ဖြင့် Crack လုပ်အသုံးပြုရသော Software များကို အသုံးပြုပါ။
စာအုပ်များ ( .pdf ) သီချင်းများ ( .mp3 ) ရုပ်ရှင်များ ( .mp4, .avi, .. ) များသည် Software / Game ( .exe ) များလောက် အန္တရာယ် မရှိတဲ့အတွက် ရယူနိုင်ပါတယ်။
မည်သည့် Website တွေက Download ပြုလုပ်သင့်တယ် လုံခြုံအောင် မည်သို့ စစ်ဆေး သင့်သည်များကို ဆက်လက် မျှဝေသွားပါမည်။
ကျေးဇူးတင်ပါသည်။
(zawgyi)
၂ ချက်ရှိနိုင်ပါတယ်။
နံပါတ်၂ အချက်နဲ့ တွေ့သွားမယ်ဆိုရင်တော့ မိမိအတွက် အဲဒီ Software တန်ဖိုးထက် မကာမိတဲ့ ဆုံးရှုံးမှုမျိုးတွေ ကြုံတွေ့သွားနိုင်ပါတယ်။
ကျေးဇူးတင်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *