Knowledges of Window License

ကျွန်တော်တို့ နိုင်ငံမှာ Microsoft Windows ကို license version သုံးတဲ့သူ အနည်းငယ်သာရှိပါတယ်။ Windows license ရဲ့ဈေးဟာ အမြင့်ဆုံး ဒေါ်လာ ၂၀၀ ဝန်းကျင်ခန့်ရှိနိုင်တာကြောင့် လူတိုင်းဝယ်သုံးနိုင်ဖို့ အတွက်တော့ သိပ်မလွယ်ကူသေးတဲ့ ကိစ္စပါပဲ။ ကျွန်တော်တို့ နိုင်ငံကို Microsoft ကတော့ ခြေချနေပြီ ဖြစ်ပါတယ်။ သိပ်မကြာခင် အချိန်တွင်းမှာ Copy Right Law တွေနဲ့အတူ ကျွန်တော်တို့ အားလုံး license version ကို မဖြစ်မနေ ဝယ်သုံးရတော့မယ့် အနေအထားကို ရောက်လာပါတော့မယ်။

Windows License Version အသုံးပြုတဲ့အတွက် ရနိုင်တဲ့ ကောင်းကျိုး တွေကတော့ မိမိရဲ့ Windows ကို အမြဲ Update ပြုလုပ်နေနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ် Hackers များမှ Zeroday exploit များကို ရှာဖွေကာ သတိမပြုမိသေးတဲ့ ယိုပေါက်တွေကတဆင့် Windows များကို တိုက်ခိုက် ထိုးဖောက် ဝင်ရောက် လျှက်ရှိပါတယ်။ Zeroday exploit ဖြစ်တဲ့အလျှောက် Antivirus တွေကလည်း မကာကွယ်ပေးနိုင်ပါဘူး။ Windows ရဲ့ File ယိုပေါက်တွေကို အသုံးပြုပြီး ထိုးဖောက်မှုတွေ ပြုလုပ်တဲ့အခါ နောက်ဆုံး ထွက်ရှိထားတဲ့ Security patch တွေကို update လုပ်ပြီးပဲ ကွာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိမိ ကွန်ပျူတာကို Hijacking လုပ်ခံထားရတယ် ဆိုရင်တော့ မိမိ အသုံးပြုသမျှကို စောင့်ကြည့် နေနိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ Bank အကောင့် အသုံးပြုတာ Email အသုံးပြုတာကအစ နောက်ဆုံး Webcam, Microphone ကနေတဆင့် မိမိရုပ်နဲ့ အသံကိုပါ စောင့်ကြည့်နေနိုင်မှာ ဖြစ်ပါတယ်။

Windows license အမျိုးအစား သုံးမျိုးရှိပါတယ်။ Retail, OEM နဲ့ Volume license တို့ပဲ ဖြစ်ပါတယ်။ Retail license ကတော့ ကျွန်တော်တို့ ဆိုင်တွေ ဒါမှမဟုတ် Microsfot store ကနေ တစ်ဦးချင်း အသုံးပြုဖို့အတွက် ဝယ်တဲ့ license မျိုးပဲဖြစ်ပါတယ်။ သူ့အောက်မှာမှ Home တို့ Pro တို့ ထပ်ခွဲတာဖြစ်ပါတယ်။ OEM ကတော့ Acer တို့ Dell တို့က ရောင်းတဲ့ ကွန်ပျူတာ တွေမှာပါတဲ့ Preinstalled Windows တွေပဲဖြစ်ပါတယ်။ Volume license ကတော့ အဖွဲ့အစည်းတွေက အရည်အတွက် များများဝယ်ယူ အသုံးပြုတဲ့ license မျိုးပဲဖြစ်ပါတယ်။ License တစ်မျိုးခြင်းစီမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိပါတယ်။ မိမိ အသုံးပြုနေတဲ့ license ဟာ ဘယ်လို license မျိုးလဲဆိုတာကို သိရှိဖို့အတွက် Command Prompt မှာ slmgr –dli လို့ရိုက်ကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။ မိမိ ကိုယ်ပိုင်အိမ်သုံးဖို့ အတွက် ဆိုင်ကနေဝယ်လာတဲ့ Laptop မှာ Volume license အမျိုးအစား ဖြစ်နေတယ်ဆိုရင်တော့ မှားရွင်းနေပြီလို့ သတ်မှတ်ရနိုင်ပါတယ်။

ကျေးဇူးတင်ပါသည်။