Office Trends

Office Trend Prediction
-+-+-+-+-+-+-+-+-+-+-+-+

လုပ်ငန်းစတင် လုပ်ကိုင်လိုသူများနှင့် စည်းပွားရေးလုပ်ငန်းရှင် များအတွက် နောင်တွင် ပြောင်းလဲလာနိုင်သော ရုံးလုပ်ငန်း နည်းပညာများနှင့် trend များကို ခန့်မှန်း တင်ပြ ပေးလိုက်ရပါသည်။

မှေးမှိန်လာနိုင်သော Desktop PC များ
-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+

ပိုမိုသော ပစ္စည်းများ ရှုပ်ပွနေသော ကြိုးများ ဝန်ပိုမှုများနှင့် အတူ ထိန်းသိမ်း စရိတ်မြင့်မား၍ ပြောင်းရွှေ့ရန် မလွယ်ကူသောကြောင့် နောင်လာမည့် နှစ်များအတွင်း Desktop PC အသုံးပြုမှုများ မှေးမှိန် လာနိုင်ဖွယ်ရာ ရှိနေသည်။ ယခင် ကာလများတွင် ရုံးသုံး ကွန်ပြူတာများကို Desktop PC များသာ သုံး၍ Laptop များကို Personal သုံးအနေဖြင့်သာ အသုံးပြုခဲ့ကြသည်။ ယခုအခါတွင် သယ်ယူရ လွယ်ကူခြင်း Performance မြင့်မားလာခြင်း များကြောင့် Laptop များကို ရုံးလုပ်ငန်း များတွင်ပါ အသုံးပြု လာကြတာကို တွေ့ရှိနေရပါသည်။ Laptop များသည် ရုံးခန်း အပြောင်း အရွှေ့များ ပြုလုပ်ရာတွင် လွယ်ကူခြင်း Meeting ခန်းမများသို့ သယ်ယူ သွားနိုင်ခြင်း အိမ်သို့အလုပ်များ သယ်ယူ သွားနိုင်ခြင်းနှင့် အလုပ်ကိစ္စ ခရီးထွက်ခြင်း တွေမှာပါ ပေါ့ပေ့ါပါးပါး သယ်ယူသွားနိုင်ခြင်းတို့ဖြင့် ရုံးလုပ်ငန်း များတွင် နေရာ ယူလာနေသည်။ Desktop PC များကို Graphic Design များ Video Editing များနှင့် Engineering Drawing များနှင့် မဖြစ်မနေ High End Performance အသုံးပြုရန် လိုအပ်သော နေရာများတွင်သာ အသုံးပြု ကြတော့သည်ကို တွေ့ရသည်။ Mobile devices များ၏ စွမ်းဆောင်ရည် မြင့်မား လာမှုများကလည်း Desktop PC များအရေးပါမှုကို ပါဝင်ချိန်းခြောက် နေကြပြန်သည်။ ယခုနှစ်ပိုင်းတွင်းမှ စတင် တည်ထောင်သော မြန်မာ Company များနှင့် နိုင်ငံခြားမှ ဝင်လာသော Company တော်တော် များများသည် Laptop များကိုသာ အားထား အသုံးပြု နေသည်ကို တွေ့မြင်နေရပါသည်။ ထိုအချက်များကြောင့် မကြာမှီ အချိန်ကာလများတွင် Laptop အသုံးပြုမှုများကို ယခုထက်ပို၍ တွေ့ရှိလာနိုင်ပါသည်။

Mobile Office များ
-+-+-+-+-+-+-+-+-+-+-+-+-+-+

စတင် တည်ထောင်သော Company များသည် အခန်းကျဉ်း ရုံးခန်းများ လူနေအိမ်နှင့် တွဲဖက်ထားသော ရုံးခန်းများကို အသုံး ပြုလာကြသည်။ ရုံးခန်း ငှားရမ်းစာချုပ် များကိုလည်း ၁နှစ်ခန့်သာ ချုပ်ဆိုကြသည်။ ရုံးအသုံးအဆောင် ပစ္စည်းများကိုလည်း ပေါ့ပါး၍ ပြောင်းရွှေ့သယ်ယူရန် လွယ်ကူသော ပစ္စည်းများကိုသာ ရွေးချယ် အသုံးပြုလာကြသည်။ အချိန်နှင့် အမျှ တိုးတက် ပြောင်းလဲနေသော စည်းပွားရေး စနစ်ကြီးအတွင်း လိုက်ရော ညီထွေစွာ နေထိုင်နိုင်ရန် အသားပေး စဉ်းစား လာကြသည်။ Company အရွယ်အစား အပြောင်းအလဲ ပေါ်မူတည်၍ ရုံးခန်း တည်နေရာများကို ပြောင်းခြင်း ဈေးကွက် အခြေအနေ ပေါ်လိုက်၍ ရုံးခန်းတည်နေရာများကို ပြောင်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် အပေ့ါစား ရုံးခန်းများကို တည်ဆောက် အသုံးပြုကြသည်။ သာမန်အဆင့် Meeting များကို နှစ်ဦးနှစ်ဖက် သွားလာရန် လွယ်ကူသောနေရာ ကားပါကင် ကောင်းမွန်သော စားသောက်ဆိုင်များ Cafe` များတွင် ချိန်းဆို ဆောင်ရွက် လာကြသည်။ အရေးကြီးသော Meeting များ Presentation များကို Hotel များမှ Meeting Room များကို ငှားရမ်း အသုံးပြု လာကြသည်။ လုပ်ငန်း စတင်တည်ထောင် ကာလတွင် အသုံးစရိတ် လျှော့ချရေးသည် အရေးကြီးသည့် အချက်ဖြစ်သည့်အတွက် နောက်ပိုင်းတွင် Mobile Office များပိုမို များပြားလာနိုင်ပါသည်။

Cloud based Service များ
-+-+-+-+-+-+-+-+-+-+-+-+

ယခု နှစ်ပိုင်းတွင် Internet Service Provider များ အပြိုင်အဆိုင် ပေါ်ထွက်လာသည် နှင့်အမျှ Internet ဝန်ဆောင်မှု များလည်း မြင့်မားလာခဲ့ပါသည်။ ထို့အတူ Cloud Service များကို ပိုမို အသုံးပြု လာနိုင်ကြပါသည်။ Cloud Service များသည် Company များ၏ လိုအပ်ချက်များကို ဖြည့်တင်း ပေးနိုင်စွမ်းရှိပါသည်။ Comapny Data များကို Cloud ပေါ်တွင်သိမ်းခြင်း Office Application များကို Cloud ပေါ်တွင် အသုံးပြုခြင်း အပြင် Firewall များကိုပါ Cloud based များအဖြစ် အသုံးပြု လာနိုင်နေပါသည်။ Software Company များမှလည်း Software များကို ဖန်တီး ရေးသားရာတွင် Cloud based အဖြစ်ရေးသားခြင်းများကို ပိုမို တွေ့မြင် လာနေရပါသည်။ ယခင် အချိန်များကလို Rack များ NAS များနှင့် Hard disk မြောက်များစွာကို တွဲဖက်၍ Data Store လုပ်ခြင်းမှ Cloud ပိုင်းသို့ ပြောင်းရွှေ့လာနေကြသည်ကို တွေ့မြင် နေရပါသည်။ Cloud ပေါ်တွင် Data များသိမ်းထားခြင်းဖြင့် Infrastructure များ၏ ကုန်ကြစရိတ်များ ပြုပြင် ထိန်းသိမ်းခြင်း စရိတ်များကို လျှော့ချ လာနေကြပါသည်။ သဘာဝဘေးများ မီးဘေးများကြောင့် မိမိ Data များ ဆုံးရုံးခြင်းများကို ကာကွယ်နိုင်ခြင်း တို့ကြောင့် Cloud Service များကို ပိုမိုအားထား လာကြသည်။ Cloud Service များတွင် အားနည်းချက်များ ရှိနေသည့်တိုင် များမကြာမှီ အချိန်များတွင် ပိုမိုအရေးပါလာနိုင်ပါသည်။

ကျေးဇူးတင်ပါသည်။
Netware Company Limited

Photo Credit (google)

(zawgyi)

Office Trend
-+-+-+-+-+-+-+-+-+-+-+-+

လုပ္ငန္းစတင္ လုပ္ကိုင္လိုသူမ်ားႏွင့္ စည္းပြားေရးလုပ္ငန္းရွင္ မ်ားအတြက္ ေနာင္တြင္ ေျပာင္းလဲလာႏိုင္ေသာ ရံုးလုပ္ငန္း နည္းပညာမ်ားႏွင့္ trend မ်ားကို ခန္႔မွန္း တင္ျပ ေပးလိုက္ရပါသည္။

ေမွးမွိန္လာႏိုင္ေသာ Desktop PC မ်ား
-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+

ပိုမိုေသာ ပစၥည္းမ်ား ရွုပ္ပြေနေသာ ႀကိဳးမ်ား ဝန္ပိုမႈမ်ားႏွင့္ အတူ ထိန္းသိမ္း စရိတ္ျမင့္မား၍ ေျပာင္းေရႊ႕ရန္ မလြယ္ကူေသာေၾကာင့္ ေနာင္လာမည့္ ႏွစ္မ်ားအတြင္း Desktop PC အသံုးျပဳမႈမ်ား ေမွးမွိန္ လာႏိုင္ဖြယ္ရာ ရွိေနသည္။ ယခင္ ကာလမ်ားတြင္ ရံုးသံုး ကြန္ျပဴတာမ်ားကို Desktop PC မ်ားသာ သံုး၍ Laptop မ်ားကို Personal သံုးအေနျဖင့္သာ အသံုးျပဳခဲ့ၾကသည္။ ယခုအခါတြင္ သယ္ယူရ လြယ္ကူျခင္း Performance ျမင့္မားလာျခင္း မ်ားေၾကာင့္ Laptop မ်ားကို ရံုးလုပ္ငန္း မ်ားတြင္ပါ အသံုးျပဳ လာၾကတာကို ေတြ႔ရွိေနရပါသည္။ Laptop မ်ားသည္ ရံုးခန္း အေျပာင္း အေရႊ႕မ်ား ျပဳလုပ္ရာတြင္ လြယ္ကူျခင္း Meeting ခန္းမမ်ားသို႔ သယ္ယူ သြားႏိုင္ျခင္း အိမ္သို႔အလုပ္မ်ား သယ္ယူ သြားႏိုင္ျခင္းႏွင့္ အလုပ္ကိစၥ ခရီးထြက္ျခင္း ေတြမွာပါ ေပါ့ေပ့ါပါးပါး သယ္ယူသြားႏိုင္ျခင္းတုိ႔ျဖင့္ ရံုးလုပ္ငန္း မ်ားတြင္ ေနရာ ယူလာေနသည္။ Desktop PC မ်ားကို Graphic Design မ်ား Video Editing မ်ားႏွင့္ Engineering Drawing မ်ားႏွင့္ မျဖစ္မေန High End Performance အသံုးျပဳရန္ လိုအပ္ေသာ ေနရာမ်ားတြင္သာ အသံုးျပဳ ၾကေတာ့သည္ကို ေတြ႔ရသည္။ Mobile devices မ်ား၏ စြမ္းေဆာင္ရည္ ျမင့္မား လာမႈမ်ားကလည္း Desktop PC မ်ားအေရးပါမႈကို ပါဝင္ခ်ိန္းေျခာက္ ေနၾကျပန္သည္။ ယခုႏွစ္ပိုင္းတြင္းမွ စတင္ တည္ေထာင္ေသာ ျမန္မာ Company မ်ားႏွင့္ ႏိုင္ငံျခားမွ ဝင္လာေသာ Company ေတာ္ေတာ္ မ်ားမ်ားသည္ Laptop မ်ားကိုသာ အားထား အသံုးျပဳ ေနသည္ကို ေတြ႔ျမင္ေနရပါသည္။ ထိုအခ်က္မ်ားေၾကာင့္ မၾကာမီွ အခ်ိန္ကာလမ်ားတြင္ Laptop အသံုးျပဳမႈမ်ားကိုို ယခုထက္ပို၍ ေတြ႔ရွိလာႏိုင္ပါသည္။

Mobile Office မ်ား
-+-+-+-+-+-+-+-+-+-+-+-+-+-+

စတင္ တည္ေထာင္ေသာ Company မ်ားသည္ အခန္းက်ဥ္း ရံုးခန္းမ်ား လူေနအိမ္ႏွင့္ တြဲဖက္ထားေသာ ရံုးခန္းမ်ားကို အသံုး ျပဳလာၾကသည္္။ ရံုးခန္း ငွားရမ္းစာခ်ဳပ္ မ်ားကိုလည္း ၁ႏွစ္ခန္႔သာ ခ်ဳပ္ဆိုၾကသည္။ ရံုးအသံုးအေဆာင္ ပစၥည္းမ်ားကိုလည္း ေပါ့ပါး၍ ေျပာင္းေရႊ႕သယ္ယူရန္ လြယ္ကူေသာ ပစၥည္းမ်ားကိုသာ ေရြးခ်ယ္ အသံုးျပဳလာၾကသည္္။ အခ်ိန္ႏွင့္ အမွ် တိုးတက္ ေျပာင္းလဲေနေသာ စည္းပြားေရး စနစ္ႀကီးအတြင္း လိုက္ေရာ ညီေထြစြာ ေနထိုင္ႏိုင္ရန္ အသားေပး စဥ္းစား လာၾကသည္္။ Company အရြယ္အစား အေျပာင္းအလဲ ေပၚမူတည္၍ ရံုးခန္း တည္ေနရာမ်ားကို ေျပာင္းျခင္း ေစ်းကြက္ အေျခအေန ေပၚလိုက္၍ ရံုးခန္းတည္ေနရာမ်ားကို ေျပာင္းျခင္းမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ အေပ့ါစား ရံုးခန္းမ်ားကို တည္ေဆာက္ အသံုးျပဳၾကသည္္။ သာမန္အဆင့္ Meeting မ်ားကို ႏွစ္ဦးႏွစ္ဖက္ သြားလာရန္ လြယ္ကူေသာေနရာ ကားပါကင္ ေကာင္းမြန္ေသာ စားေသာက္ဆိုင္မ်ား Cafe` မ်ားတြင္ ခ်ိန္းဆို ေဆာင္ရြက္ လာၾကသည္။ အေရးၿကီးေသာ Meeting မ်ား Presentation မ်ားကို Hotel မ်ားမွ Meeting Room မ်ားကို ငွားရမ္း အသံုးျပဳ လာၾကသည္။ လုပ္ငန္း စတင္တည္ေထာင္ ကာလတြင္ အသံုးစရိတ္ ေလွ်ာ့ခ်ေရးသည္ အေရးႀကီးသည့္ အခ်က္ျဖစ္သည့္အတြက္ ေနာက္ပိုင္းတြင္ Mobile Office မ်ားပိုမို မ်ားျပားလာႏိုင္ပါသည္။

Cloud based Service မ်ား
-+-+-+-+-+-+-+-+-+-+-+-+

ယခု ႏွစ္ပိုင္းတြင္ Internet Service Provider မ်ား အၿပိဳင္အဆိုင္ ေပၚထြက္လာသည္ ႏွင့္အမွ် Internet ဝန္ေဆာင္မႈ မ်ားလည္း ျမင့္မားလာခဲ့ပါသည္။ ထို႔အတူ Cloud Service မ်ားကို ပိုမို အသံုးျပဳ လာႏိုင္ၾကပါသည္။ Cloud Service မ်ားသည္ Company မ်ား၏ လိုအပ္ခ်က္္မ်ားကို ျဖည့္တင္း ေပးႏိုင္စြမ္းရွိပါသည္။ Comapny Data မ်ားကို Cloud ေပၚတြင္သိမ္းျခင္း Office Application မ်ားကို Cloud ေပၚတြင္ အသံုးျပဳျခင္း အျပင္ Firewall မ်ားကိုပါ Cloud based မ်ားအျဖစ္ အသံုးျပဳ လာႏိုင္ေနပါသည္။ Software Company မ်ားမွလည္း Software မ်ားကို ဖန္တီး ေရးသားရာတြင္ Cloud based အျဖစ္ေရးသားျခင္းမ်ားကို ပိုမို ေတြ႔ျမင္ လာေနရပါသည္။ ယခင္ အခ်ိန္မ်ားကလို Rack မ်ား NAS မ်ားႏွင့္ Hard disk ေျမာက္မ်ားစြာကို တြဲဖက္၍ Data Store လုပ္ျခင္းမွ Cloud ပိုင္းသို႔ ေျပာင္းေရႊ႕လာေနၾကသည္ကို ေတြ႔ျမင္ ေနရပါသည္။ Cloud ေပၚတြင္ Data မ်ားသိမ္းထားျခင္းျဖင့္ Infrastructure မ်ား၏ ကုန္ၾကစရိတ္မ်ား ျပဳျပင္ ထိန္းသိမ္းျခင္း စရိတ္မ်ားကို ေလွ်ာ့ခ် လာေနၾကပါသည္။ သဘာဝေဘးမ်ား မီးေဘးမ်ားေၾကာင့္ မိမိ Data မ်ား ဆံုးရံုးျခင္းမ်ားကို ကာကြယ္ႏိုင္ျခင္း တို႔ေၾကာင့္ Cloud Service မ်ားကို ပိုမိုအားထား လာၾကသည္။ Cloud Service မ်ားတြင္ အားနည္းခ်က္မ်ား ရွိေနသည့္တိုင္ မ်ားမၾကာမွီ အခ်ိန္မ်ားတြင္ ပိုမိုအေရးပါလာႏိုင္ပါသည္။

ေက်းဇူးတင္ပါသည္။
Netware Company Limited

Photo Credit (google)

Leave a Reply

Your email address will not be published. Required fields are marked *