Public Wifi and Carefulness

Public Wifi တွေဟာ လူတိုင်း အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် မိမိနဲ့ အတူ အသုံးပြုနေသူတွေထဲမှာ Hacker တွေပါလာနိုင်ပါတယ်။ Hacker တွေဟာ Man in the middle attack ကို အသုံးပြုပြီးတော့ Network တစ်ခုလုံးကို စောင့်ကြည့် တိုက်ခိုက်နိုင်ပါတယ်။

Hacker က Gateway Router ကို Hack ပြီးတော့ သူရဲ့ ကွန်ပျူတာ ထဲမှာ Gateway တစ်ခု တည်ဆောက်ပြီး သူ့ ကွန်ပျူတာ ထဲက Gateway ကို Network တစ်ခုလုံးရဲ့ Main Gateway အဖြစ် ပြောင်းလည်း ထားလို့ ရနိုင်ပါတယ်။ အဲဒါဆိုရင် Network တစ်ခုလုံးက Internet အသုံးပြုမှု တွေဟာ သူ့ရဲ့ ကွန်ပျူတာကို ဖြတ်သွားပြီးမှ Internet Router ကိုရောက်မှာ ဖြစ်ပါတယ်။ မိမိက မူရင်း Facebook ကိုဖွင့်လိုက်ပေမယ့် သူက Facebook ပုံစံ ဟန်ဆောင်ထားတဲ့ website အတုတစ်ခုစီကို ခေါ်သွား နိုင်ပါတယ်။ အဲဒီ Facebook website အတုမှာ မိမိ username နဲ့ password ကို ရိုက်လိုက်မိပြီ ဆိုရင်တော့ သူက မိမိ username နဲ့ password ကိုရရှိသွားပြီ ဖြစ်ပါတယ်။

Wireshark လို Network traffic Tools တွေကို အသုံးပြုပြီးတော့လည်း ဘယ်သူတွေ ဘာသုံးနေတယ် ဆိုတာကို စောင့်ကြည့်နေနိုင်ပါသေးတယ်။

မိမိ ကွန်ပျူတာကို Windows exploit တွေ အသုံးပြု ပြီးတော့လည်း တိုက်ခိုက် လာနိုင်ပါသေးတယ်။ ဥပမာ Windows Media Player ကို update လုပ်ခိုင်းတဲ့ Alert လိုမျိုးတွေနဲ့ မိမိက update လုပ်လိုက်မိတဲ့အခါ Malware ကို မိမိ ကွန်ပျူတာထဲ Download လုပ်ပြီးသား ဖြစ်သွားတာမျိုးပါ။

မိမိ ကွန်ပျူတာမှာ Share folder တွေကို Full access နဲ့ ပေးထားမိတာ ရှိနေမယ်ဆိုရင်တော့ Hacker က မိမိ Share folder အတွင်းမှာ ရှိနေတဲ့ ဖိုင်တွေကို ကြည့်ခွင့်ရနေမှာ ဖြစ်တဲ့ပြင် Share Folder ထဲမှာ Virus ထားပေးသွားနိုင်မှာ ဖြစ်ပါတယ်။ မိမိက အဲဒီ Virus/Trojan ကို မသိပဲ ဖွင့်ကြည့်လိုက်မိတဲ့ အခါမျိုးမှာ မိမိ ကွန်ပျူတာ infected ဖြစ်သွားမျိုးတွေလည်း ရှိနိုင်ပါတယ်။

အောက်ပါ အချက်လေးတွေကို သတိပြုမယ်ဆိုရင်တော့ အန္တရာယ်တွေရဲ့ ရာခိုင်းနှုန်း့ အနည်းငယ် လောက်တော့ စိတ်ချသွားရမှာ ဖြစ်ပါတယ်။

မိမိ ကွန်ပျူတာမှာ Network တစ်ခုကို ချိတ်ဆက်လိုက်ပြီဆို Network profile ကိုရွေးခိုင်းပါတယ်။ Home/Private ရယ် Guest/Public ရယ်ဖြစ်ပါတယ်။ အဲဒီ နှစ်ခုမှာ Public Wifi ကို ချိတ်ဆက် အသုံးပြုတဲ့အခါ Public Network Profile ကို အသုံးပြုဖို့လိုအပ်ပါတယ်။
မိမိ ကွန်ပျူတာမှာ Share folder တွေကို အသုံးမပြုတဲ့အခါ ပိတ်ထားဖို့ လိုအပ်ပါတယ်။
အရေးကြီးတဲ့ website တွေကို အသုံးပြုတဲ့အခါ SSL connection (https://) နဲ့သာ အသုံးပြုသင့်ပါတယ်။
Antivirus နဲ့ Internet Security software တွေကို အမြဲ update ဖြစ်နေအောင် ဂရုစိုက်သင့်ပါတယ်။
Windows Firewall off ဖြစ်နေလား on ဖြစ်နေလားဆိုတာ ကို Network မချိတ်ဆက်ခင် စစ်ဆေးသင့်ပါတယ်။
ကိုယ်မရင်းနှီးတဲ့ Update/Download လုပ်ခိုင်းတာတွေ ပေါ်လာရင် မလုပ်ပါနဲ့။
မိမိဟာ လုံခြုံမှု မရှိတဲ့ Network တစ်ခုပေါ်မှာ ရောက်ရှိနေတယ် ဆိုတဲ့ အသိ အမြဲရှိပါ။
ကျေးဇူးတင်ပါသည်။