Smart Phone Security

Smart Phone Security လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ အရင်ဆုံး ပြေးမြင်တာက Phone ကို Physically Access မရအောင် Passcode တွေ Finger Print တွေ ခံတာကိုပဲ ပြေးမြင် မိကြပါတယ်။ တကယ်တမ်း မိမိမသိရှိရပဲ Hacker ကနောက်ကွယ် ကနေ မိမိ ဖုန်းကို Access ရနေခဲ့ရင် ဆိုတာကို လုံးဝ မတွေး မိထား ကြပါဘူး။ Hacker တစ်ယောက် ဟာ မိမိ ဖုန်းကို Access ရနေပြီ ဆိုရင် သူဘာတွေ လုပ်နိုင်မလဲ ဆိုတာ တွေးကြည့် ကြရအောင်။

မိမိ Contact list ထဲက ဖုန်းနာပါတ်တွေ သူအကုန် ရနေမယ်။ မိသားစု ချစ်သူ သူငယ်ချင်း အားလုံးရဲ့ ဖုန်းနာပါတ်တွေ သူသိနေမယ်။ မိမိ Gallery ထဲက ပုံတွေကို Original ဒါမှမဟုတ် Thumbnail အနေနဲ့သူ ကြည့်လို့ ရနေမယ်။ ဘယ်သူ တွေနဲ့ Message ပို့တယ် ဖုန်းပြောတယ် ဒါတွေကို စောင့်ကြည့် နေနိုင်မယ်။ GPS ကိုအသုံးပြု ပြီးတော့ မိမိ တည်နေရာကို သိရှိ နေနိုင်မယ်။

မိမိ ဖုန်းနဲ့ ချိတ်ဆက် ထားတဲ့ Gmail တို့ Facebook တို့ Password recovery လုပ်တဲ့ အခါ ဒါမှမဟုတ် login လုပ်တဲ့အခါမှာ သုံးတဲ့ 2 Step verification တွေကို မိမိ Message box ကနေ တဆင့် Code တွေကို ရယူပြီး အလွယ် တကူ ကျော်ဖြတ် သွားနိုင်ပါတယ်။

မိမိ ဖုန်း Hack မခံရအောင် ကာကွယ်ဖို့ ဆိုရင် ..

၁. Jailbreak or Root မလုပ်ပဲ အသုံးပြုပါ။

၂. Unkown source တွေကို အတတ် နိုင်ဆုံး မသွင်းပဲ နေပါ။

၃. Application တစ်ခု သွင်းတိုင်း ဘယ် Permission တွေကို တောင်းတာလဲ၊ မိမိ Contact list ကိုတောင်း တာလား၊ GPS ကိုလား၊ Message ကိုလား သေသေ ချာချာ ဖတ်ပြီးမှ သွင်းပါ။

၄. Phone Antivirus (Avira) / Firewall (NoRoot Firewall) လိုမျိုးတွေ အသုံးပြုပါ။

၅. မိမိ အသုံးမပြုတဲ့ Application တွေ မသိတဲ့ Application ကို ဖြုတ်ထားပါ။

၆. တစ်နှစ် တစ်ခါလောက် ဖုန်း တစ်ခုလုံးကို Backup လုပ်ပြီး Reset ချပါ။

၇. မိမိ အမြဲအသုံးပြု ဖြစ်တဲ့ Application တွေပဲ သွင်းပါ။ လိုရမယ်ရ အသုံးပြုဖို့ ဆိုတဲ့ Application တွေ မသွင်းထားပါနဲ့။

ကျေးဇူးတင်ပါသည်။