Windows License

Windows License အကြောင်း သိကောင်းစရာ
-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-

ကျွန်တော်တို့ နိုင်ငံမှာ Microsoft Windows ကို license version သုံးတဲ့သူ အနည်းငယ်သာရှိပါတယ်။ Windows license ရဲ့ဈေးဟာ အမြင့်ဆုံး ဒေါ်လာ ၂၀၀ ဝန်းကျင်ခန့်ရှိနိုင်တာကြောင့် လူတိုင်းဝယ်သုံးနိုင်ဖို့ အတွက်တော့ သိပ်မလွယ်ကူသေးတဲ့ ကိစ္စပါပဲ။ ကျွန်တော်တို့ နိုင်ငံကို Microsoft ကတော့ ခြေချနေပြီ ဖြစ်ပါတယ်။ သိပ်မကြာခင် အချိန်တွင်းမှာ Copy Right Law တွေနဲ့အတူ ကျွန်တော်တို့ အားလုံး license version ကို မဖြစ်မနေ ဝယ်သုံးရတော့မယ့် အနေအထားကို ရောက်လာပါတော့မယ်။

Windows License Version အသုံးပြုတဲ့အတွက် ရနိုင်တဲ့ ကောင်းကျိုး တွေကတော့ မိမိရဲ့ Windows ကို အမြဲ Update ပြုလုပ်နေနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ် Hackers များမှ Zeroday exploit များကို ရှာဖွေကာ သတိမပြုမိသေးတဲ့ ယိုပေါက်တွေကတဆင့် Windows များကို တိုက်ခိုက် ထိုးဖောက် ဝင်ရောက် လျှက်ရှိပါတယ်။ Zeroday exploit ဖြစ်တဲ့အလျှောက် Antivirus တွေကလည်း မကာကွယ်ပေးနိုင်ပါဘူး။ Windows ရဲ့ File ယိုပေါက်တွေကို အသုံးပြုပြီး ထိုးဖောက်မှုတွေ ပြုလုပ်တဲ့အခါ နောက်ဆုံး ထွက်ရှိထားတဲ့ Security patch တွေကို update လုပ်ပြီးပဲ ကွာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိမိ ကွန်ပျူတာကို Hijacking လုပ်ခံထားရတယ် ဆိုရင်တော့ မိမိ အသုံးပြုသမျှကို စောင့်ကြည့် နေနိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ Bank အကောင့် အသုံးပြုတာ Email အသုံးပြုတာကအစ နောက်ဆုံး Webcam, Microphone ကနေတဆင့် မိမိရုပ်နဲ့ အသံကိုပါ စောင့်ကြည့်နေနိုင်မှာ ဖြစ်ပါတယ်။

Windows license အမျိုးအစား သုံးမျိုးရှိပါတယ်။ Retail, OEM နဲ့ Volume license တို့ပဲ ဖြစ်ပါတယ်။ Retail license ကတော့ ကျွန်တော်တို့ ဆိုင်တွေ ဒါမှမဟုတ် Microsfot store ကနေ တစ်ဦးချင်း အသုံးပြုဖို့အတွက် ဝယ်တဲ့ license မျိုးပဲဖြစ်ပါတယ်။ သူ့အောက်မှာမှ Home တို့ Pro တို့ ထပ်ခွဲတာဖြစ်ပါတယ်။ OEM ကတော့ Acer တို့ Dell တို့က ရောင်းတဲ့ ကွန်ပျူတာ တွေမှာပါတဲ့ Preinstalled Windows တွေပဲဖြစ်ပါတယ်။ Volume license ကတော့ အဖွဲ့အစည်းတွေက အရည်အတွက် များများဝယ်ယူ အသုံးပြုတဲ့ license မျိုးပဲဖြစ်ပါတယ်။ License တစ်မျိုးခြင်းစီမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိပါတယ်။ မိမိ အသုံးပြုနေတဲ့ license ဟာ ဘယ်လို license မျိုးလဲဆိုတာကို သိရှိဖို့အတွက် Command Prompt မှာ slmgr –dli လို့ရိုက်ကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။ မိမိ ကိုယ်ပိုင်အိမ်သုံးဖို့ အတွက် ဆိုင်ကနေဝယ်လာတဲ့ Laptop မှာ Volume license အမျိုးအစား ဖြစ်နေတယ်ဆိုရင်တော့ မှားရွင်းနေပြီလို့ သတ်မှတ်ရနိုင်ပါတယ်။

ကျေးဇူးတင်ပါသည်။
NETWARE

(zawgyi)

Windows License အေၾကာင္း သိေကာင္းစရာ
-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-

ကြ်န္ေတာ္တို႔ ႏိုင္ငံမွာ Microsoft Windows ကို license version သံုးတဲ့သူ အနည္းငယ္သာရွိပါတယ္။ Windows license ရဲ႕ေစ်းဟာ အျမင့္ဆံုး ေဒၚလာ ၂၀၀ ဝန္းက်င္ခန္႔ရွိႏိုင္တာေၾကာင့္ လူတိုင္းဝယ္သံုးႏိုင္ဖုိ႔ အတြက္ေတာ့ သိပ္မလြယ္ကူေသးတဲ့ ကိစၥပါပဲ။ ကြ်န္ေတာ္တို႔ ႏိုင္ငံကို Microsoft ကေတာ့ ေျခခ်ေနၿပီ ျဖစ္ပါတယ္။ သိပ္မၾကာခင္ အခ်ိန္တြင္းမွာ Copy Right Law ေတြနဲ႔အတူ ကြ်န္ေတာ္တို႔ အားလံုး license version ကို မျဖစ္မေန ဝယ္သံုးရေတာ့မယ့္ အေနအထားကို ေရာက္လာပါေတာ့မယ္။

Windows License Version အသံုးျပဳတဲ့အတြက္ ရႏိုင္တဲ့ ေကာင္းက်ိဳး ေတြကေတာ့ မိမိရဲ႕ Windows ကို အျမဲ Update ျပဳလုပ္ေနႏိုင္မွာ ျဖစ္ပါတယ္။ ေန႔စဥ္ Hackers မ်ားမွ Zeroday exploit မ်ားကို ရွာေဖြကာ သတိမျပဳမိေသးတဲ့ ယိုေပါက္ေတြကတဆင့္ Windows မ်ားကို တိုက္ခိုက္ ထိုးေဖာက္ ဝင္ေရာက္ လွ်က္ရွိပါတယ္။ Zeroday exploit ျဖစ္တဲ့အေလွ်ာက္ Antivirus ေတြကလည္း မကာကြယ္ေပးႏိုင္ပါဘူး။ Windows ရဲ႕ File ယိုေပါက္ေတြကို အသံုးျပဳၿပီး ထိုးေဖာက္မႈေတြ ျပဳလုပ္တဲ့အခါ ေနာက္ဆံုး ထြက္ရွိထားတဲ့ Security patch ေတြကို update လုပ္ၿပီးပဲ ကြာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။ မိမိ ကြန္ပ်ဴတာကို Hijacking လုပ္ခံထားရတယ္ ဆိုရင္ေတာ့ မိမိ အသံုးျပဳသမွ်ကို ေစာင့္ၾကည့္ ေနႏိုင္မွာ ျဖစ္ပါတယ္။ မိမိရဲ႕ Bank အေကာင့္ အသံုးျပဳတာ Email အသံုးျပဳတာကအစ ေနာက္ဆံုး Webcam, Microphone ကေနတဆင့္ မိမိရုပ္နဲ႔ အသံကိုပါ ေစာင့္ၾကည့္ေနႏိုင္မွာ ျဖစ္ပါတယ္။

Windows license အမ်ိဳးအစား သံုးမ်ိဳးရွိပါတယ္။ Retail, OEM နဲ႔ Volume license တို႔ပဲ ျဖစ္ပါတယ္။ Retail license ကေတာ့ ကြ်န္ေတာ္တို႔ ဆိုင္ေတြ ဒါမွမဟုတ္ Microsfot store ကေန တစ္ဦးခ်င္း အသံုးျပဳဖို႔အတြက္ ဝယ္တဲ့ license မ်ိဳးပဲျဖစ္ပါတယ္။ သူ႔ေအာက္မွာမွ Home တုိ႔ Pro တို႔ ထပ္ခြဲတာျဖစ္ပါတယ္။ OEM ကေတာ့ Acer တို႔ Dell တို႔က ေရာင္းတဲ့ ကြန္ပ်ဴတာ ေတြမွာပါတဲ့ Preinstalled Windows ေတြပဲျဖစ္ပါတယ္။ Volume license ကေတာ့ အဖြဲ႔အစည္းေတြက အရည္အတြက္ မ်ားမ်ားဝယ္ယူ အသံုးျပဳတဲ့ license မ်ိဳးပဲျဖစ္ပါတယ္။ License တစ္မ်ိဳးျခင္းစီမွာ သတ္မွတ္ထားတဲ့ စည္းကမ္းေတြရွိပါတယ္။ မိမိ အသံုးျပဳေနတဲ့ license ဟာ ဘယ္လို license မ်ိဳးလဲဆိုတာကို သိရွိဖို႔အတြက္ Command Prompt မွာ slmgr –dli လို႔ရိုက္ၾကည့္ၿပီး စစ္ေဆးႏိုင္ပါတယ္။ မိမိ ကိုယ္ပိုင္အိမ္သံုးဖို႔ အတြက္ ဆိုင္ကေနဝယ္လာတဲ့ Laptop မွာ Volume license အမ်ိဳးအစား ျဖစ္ေနတယ္ဆိုရင္ေတာ့ မွားရြင္းေနၿပီလို႔ သတ္မွတ္ရႏိုင္ပါတယ္။

ေက်းဇူးတင္ပါသည္။
NETWARE

Leave a Reply

Your email address will not be published. Required fields are marked *