Windows Network Profiles (Network Locations)

Network အသစ်တစ်ခု ကို ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ Windows 7 ဟာ ဖော်ပြပါ ပုံအတိုင်း အသုံးပြုသူကို Network Profile Type (Network Location) ကိုမေးပါတယ်။
Home ရယ် Work ရယ် Public ရယ်ဆိုတဲ့ Network Profile Type သုံးမျိုးကို ရွေးချယ်ခိုင်းပါတယ်။
အသုံးပြုသူ အများစုဟာ ဘယ် Network ကို ဝင်ဝင် Home ဆိုတဲ့ အပေါ်ဆုံးမှာ ရှိတဲ့ Profile ကိုပဲ အလွယ်တကူ နှိပ်လိုက်မိကြတာ များပါတယ်။
မိမိ တကယ်ရောက်ရှိနေတဲ့ နေရာ မိမိ Network ရဲ့ လုံခြုံရေးအခြေအနေ ဒါတွေပေါ်မှာ အခြေခံပြီး မှန်ကန်တဲ့ Location ကိုရွေးခြယ်ပေးနိုင်ဖို့ လိုပါတယ်။

Home >>
Home Network Location ဟာ မိမိ စိတ်ချရတဲ့ Network လို့ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် Function အများဆုံးကို ဖွင့်ပေးထားပါတယ်။
မိမိ Computer ဟာ Network ထဲမှာ ရှိနေတာကို အခြားသူတွေ မြင်နေရမယ်။ Ping လို့ရနေမယ်။ Port တွေ Scan လုပ်ခွင့်ရှိမယ်။ မိမိရဲ့ Public Share ကို Access ရနေမယ်။
မိမိ Computer မှာ Passwrod မခံထားဘူးဆိုရင်တော့ Everyone Access နဲ့ မိမိ Share ထားတဲ့ဖိုင်တွေကိုပါ Access ရနေမယ်။
Write Permission ပေးထားမိတယ်ဆိုရင် မိမိ ကွန်ပြူတာထဲကို ဖိုင်တွေပါ အလွယ်တကူထည့်သွင်းသွား နိုင်ပါသေးတယ်။

Work >>
Wrok Network Location ဟာလည်း Home Network Location နဲ့ Permission အတူတူ လောက်ပါပဲ။ ဒါပေမယ့် သူကတော့ Home Group Create လုပ်လို့ Join လုပ်လို့မရပါဘူး။
Home Group ဆိုတာကတော့ ဓါတ်ပုံတွေ Movie တွေပါ Share လုပ်လို့ရတဲ့ Network Group တစ်ခုပဲ ဖြစ်ပါတယ်။

Public >>
Public Network Location ကတော့ သုံးခုထဲမှာ အလုံခြုံဆုံး Network Profile တစ်ခုပဲ ဖြစ်ပါတယ်။ မိမိ Computer ကို Network ထဲမှာ မမြင်ရဘူး မခြား ဘာကိုမှလည်း Access မရဘူး။
မိမိကလည်း ဘယ်သူ့ကိုမှ မမြင်ရတဲ့ အလုံခြုံဆုံး Profile တစ်ခုပါပဲ။

မိမိဟာ ရုံး Network ကို Join မယ် ဒါပေမယ့် Public Profile ကိုသုံးလိုက်မိတယ်ဆိုရင်တော့ File Sharing တွေနဲ့ Printer Sharing တွေလုပ်လို့မရတော့တဲ့ အခြေအနေနဲ့ကြုံရမှာ ဖြစ်ပါတယ်။
မိမိဟာ Public Network / Public Wifi ကိုအသုံးပြုနေတဲ့အချိန်မှာ Home ဒါမှမဟုတ် Work Profile တွေကို သုံးလိုက်မိတယ်ဆိုရင်တော့ မိမိအတွက် မလုံခြုံတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် မှန်ကန်တဲ့ Network Profile တွေကို မှန်ကန်တဲ့ နေရာတွေမှာ အသုံးပြုဖို့ လိုအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။