Unicode –

Computer ပြုပြင်တဲ့အခါ သင့်ရဲ့ကွန်ပျူတာကို တခြားသူတစ်ယောက်ကို ပေးကိုင်ရပါလိမ့်မယ်။
ကိုယ်တိုင် အနောက်ကနေ ထိုင်ကြည့်နိုင်တဲ့အခြေအနေမျိုးတွေမှာ စိတ်ချရပေမယ့် ထိုင်မကြည့်နိုင်တဲ့ အခြေအနေတွေမှာရော သင့်ရဲ့ Data တွေအတွက် စိတ်ချနိုင်ပါ့မလား။ Company တစ်ခုမှာ Computer Service လုပ်ဖို့အတွက် အဖွဲ့ တစ်ဖွဲ့ကို အပ်တယ်ဆိုပါစို့။ အဲဒီ Computer Service အဖွဲ့က Router, Switch အစရှိတဲ့ Network ပစ္စည်းတွေကအစ Server, Client Computer တွေအဆုံး အားလုံးရဲ့ Password တွေကို သိရှိဖို့ လိုအပ်ပြီး ထိတွေ့ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်ပါတယ်။ Company ရဲ့ Server နဲ့ Computer တွေထဲမှာ စာရင်းဖိုင်တွေရှိနေနိုင်ပါတယ်။ Supplier Contact တွေနဲ့ Customer Record တွေရှိနေနိုင်ပါတယ်။ ဒါတွေက Company တစ်ခုအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေပဲဖြစ်ပါတယ်။

အဲဒီလို သတင်းအချက်အလက်တွေအတွက် ခိုင်မာရုံကြည်ရတဲ့ Computer Service တွေကို ရှာဖွေရွေးချယ်ရပါတော့မယ်။ Computer ပြင်တတ်ရုံသက်သက်မဟုတ်ပဲ ခိုင်ခိုင်မာမာ မှတ်ပုံတင်ထားတဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ လည်ပတ်နေတဲ့ Computer Service Company တွေကို အသုံးပြုမှ စိတ်ချရနိုင်မှာပါ။ Service မအပ်ခင်ကတည်းက အာမခံချက်(Term & Condition)တွေကို ဆွေးနွေးပြီးမှ တစ်ဖက်နှင့် တစ်ဖက် သဘောတူညီချက် (Contract) ကိုလက်မှတ်ထိုးထားသင့်ပါတယ်။

ကျွန်တော်တို့ Company မှာ ကွန်ပျူတာ လာပြင်ဖူးတဲ့ အကိုတစ်ယောက်က သူ့ ကိုယ်တွေ့ကို ပြောပြဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ နာပါတ်တစ် အရောင်းရဆုံး Laptop လို့နာမည်ရခဲ့တဲ့ brand တစ်ခုရဲ့ရုံးချုပ်မှာ သူ့ Laptop LCD ကွဲသွားလို့ လဲခဲ့ပါတယ်တဲ့။ သူ့ကွန်ပျူကို Password မခံထားပါဘူး။ သူ့ ကွန်ပျူကို ရလို့ သူသွားရွေးတဲ့အခါ သူ့ကွန်ပျူကို အသုံးပြုထားတာတွေ သူတွေ့လိုက်ရပါတယ်။ IDM install လုပ်ထားပြီး MTV တွေ download လုပ်ထားပါတယ်။ Format factory install လုပ်ထားပြီး MTV တွေကို format ပြောင်းထားပါတယ်။ ပြီးတော့ ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုတဲ့ Program ကိုသွင်းပြီး ဖုန်းထဲကို ထည့်သွင်းဖို့ကြိုးစားထားတယ်လို့ သူကကျွန်တော်တို့ကို ရှင်းပြခဲ့ပါတယ်။ Service သမားတွေဘက်က ပြောမယ်ဆိုရင် ဒါလေးသုံးထားတာပဲ ဘာဖြစ်လို့လဲဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ Privacy ကိုထိခိုက် ချိုးဖောက်ထားတာပဲဖြစ်ပါတယ်။ အခွင့်မရှိပဲ မိမိကိုယ်ကျိုးအတွက် အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံက Computer Service တော်တော်များများက Customer ရဲ့ Privacy ကိုတန်ဖိုးမထားတတ်သလို Customer တွေကလည်း စိတ်အလိုမကျပေမယ့် မျိုသိပ်ထားလိုက်ကြတာပဲ များပါတယ်။ Service သမားတစ်ယောက်ဟာ သီချင်းလေး တစ်ပုဒ် Ebook ဖိုင်လေးတစ်ခုတောင် ယူဆောင်ခွင့်မရှိပါဘူး။ မသိအောင်ယူသည်ဖြစ်ပစေ အသိပေးတောင်းယူသည်ဖြစ်ပစေ ဘယ်လိုနည်းနဲ့မှ မယူသင့်ပါဘူး။ Service သမားရဲ့ လိုချင်တပ်မက်မှုဟာ Customer အတွက် စိုးရိမ်စိတ်တွေကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။

ကျွန်တော်တို့ ဟာ နိုင်ငံခြားသား Customer များနဲ့ ဆက်ဆံရတာများလို့ Privacy ပိုင်းမှာ တင်းကြပ်တဲ့ စည်းကမ်းတွေကို ချမှတ်ထားပါတယ်။ ဒါတောင် Network မရလို့ ခေါ်ပြင်တဲ့ Japan Company တစ်ခုမှာ လူမရှိတဲ့ စားပွဲပေါ်က ဖွင့်ထားတဲ့ Laptop ရဲ့ Wifi နေရာလေးကို ငုံကြည့်လိုက်မိလို့ ခွင့်မတောင်းပဲ ကြည့်ရသလားဆိုပြီး Laptop ပိုင်ရှင်က ပြဿနာရှာခဲ့ပါတယ်။ ခါးတစ်ဝက်ချိုး ဦးညွတ်ပြီး အကြိမ်ကြိမ်တောင်းပန်ခဲ့ရဖူးပါသေးတယ်။ ဒါဟာ သင်ခန်းစာတစ်ခုပါ။ အခွင့်မရှိရင် မျက်စိနဲ့တောင် ကြည့်ခွင့်မရှိဘူးဆိုတဲ့သဘောပါ။

လူကြီးမင်းတို့ အနေဖြင့် မိမိတို့ စိတ်ချရုံကြည်ရသော Computer Service များနှင့် အာမခံချက်ပေးနိုင်သော စည်းကမ်းများနဲ့ Computer Service Company များကိုရွေးချယ်အသုံးပြုဖို့တိုက်တွန်းလိုက်ရပါတယ်။ ဒါမှ မလိုလားအပ်တဲ့ ဆုံးရှံးမှုတွေနဲ့ မကြုံရမှာဖြစ်ပါတယ်။

အဆုံးချုပ်ရရင်တော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကျွန်တော့်ကိုယ်တွေ့လေးတွေကို တွဲဖက်ရှင်းပြပြီး Computer Service ပိုင်းမှာဖြစ်သင့်တဲ့အနေအထားလေးတွေကို တင်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။ အထက်ပါစာများဟာ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေရန်ရည်ရွယ်ခြင်းမရှိပဲ မိမိ၏ ထင်မြင်ယူဆချက်လေးများကိုသာ ရေးသားတင်ပြထားခြင်းဖြစ်ပါတယ်။

ကျေးဇူးတင်ပါသည်။

Zawgyi –

Computer ျပဳျပင္တဲ့အခါ သင့္ရဲ႕ကြန္ပ်ဴတာကို တျခားသူတစ္ေယာက္ကို ေပးကိုင္ရပါလိမ့္မယ္။
ကိုယ္တိုင္ အေနာက္ကေန ထိုင္ၾကည့္ႏိုင္တဲ့အေျခအေနမ်ိဳးေတြမွာ စိတ္ခ်ရေပမယ့္ ထိုင္မၾကည့္ႏိုင္တဲ့ အေျခအေနေတြမွာေရာ သင့္ရဲ႕ Data ေတြအတြက္ စိတ္ခ်ႏိုင္ပါ့မလား။ Company တစ္ခုမွာ Computer Service လုပ္ဖို႔အတြက္ အဖြဲ႕ တစ္ဖြဲ႔ကို အပ္တယ္ဆိုပါစို႔။ အဲဒီ Computer Service အဖြဲ႕က Router, Switch အစရွိတဲ့ Network ပစၥည္းေတြကအစ Server, Client Computer ေတြအဆံုး အားလံုးရဲ႕ Password ေတြကို သိရွိဖို႔ လိုအပ္ၿပီး ထိေတြ႔ကိုင္တြယ္ေျဖရွင္းဖုိ႔လည္း လိုအပ္ပါတယ္။ Company ရဲ႕ Server နဲ႔ Computer ေတြထဲမွာ စာရင္းဖိုင္ေတြရွိေနႏိုင္ပါတယ္။ Supplier Contact ေတြနဲ႔ Customer Record ေတြရွိေနႏိုင္ပါတယ္။ ဒါေတြက Company တစ္ခုအတြက္ အေရးၾကီးတဲ့ သတင္းအခ်က္အလက္ေတြပဲျဖစ္ပါတယ္။

အဲဒီလို သတင္းအခ်က္အလက္ေတြအတြက္ ခိုင္မာရံုၾကည္ရတဲ့ Computer Service ေတြကို ရွာေဖြေရြးခ်ယ္ရပါေတာ့မယ္။ Computer ျပင္တတ္ရံုသက္သက္မဟုတ္ပဲ ခိုင္ခိုင္မာမာ မွတ္ပံုတင္ထားတဲ့ တင္းၾကပ္တဲ့ စည္းကမ္းေတြနဲ႔ လည္ပတ္ေနတဲ့ Computer Service Company ေတြကို အသံုးျပဳမွ စိတ္ခ်ရႏိုင္မွာပါ။ Service မအပ္ခင္ကတည္းက အာမခံခ်က္(Term & Condition)ေတြကို ေဆြးေႏြးၿပီးမွ တစ္ဖက္ႏွင့္ တစ္ဖက္ သေဘာတူညီခ်က္ (Contract) ကိုလက္မွတ္ထိုးထားသင့္ပါတယ္။

ကၽြန္ေတာ္တို႔ Company မွာ ကြန္ပ်ဴတာ လာျပင္ဖူးတဲ့ အကိုတစ္ေယာက္က သူ႔ ကိုယ္ေတြ႔ကို ေျပာျပဖူးပါတယ္။ ျမန္မာႏိုင္ငံရဲ႕ နာပါတ္တစ္ အေရာင္းရဆံုး Laptop လို႔နာမည္ရခဲ့တဲ့ brand တစ္ခုရဲ႕ရံုးခ်ဳပ္မွာ သူ႔ Laptop LCD ကြဲသြားလို႔ လဲခဲ့ပါတယ္တဲ့။ သူ႔ကြန္ပ်ဴကို Password မခံထားပါဘူး။ သူ႔ ကြန္ပ်ဴကို ရလို႔ သူသြားေရြးတဲ့အခါ သူ႔ကြန္ပ်ဴကို အသံုးျပဳထားတာေတြ သူေတြ႔လိုက္ရပါတယ္။ IDM install လုပ္ထားၿပီး MTV ေတြ download လုပ္ထားပါတယ္။ Format factory install လုပ္ထားၿပီး MTV ေတြကို format ေျပာင္းထားပါတယ္။ ၿပီးေတာ့ ဖုန္းနဲ႔ ခ်ိတ္ဆက္အသံုးျပဳတဲ့ Program ကိုသြင္းၿပီး ဖုန္းထဲကို ထည့္သြင္းဖုိ႔ၾကိဳးစားထားတယ္လို႔ သူကကၽြန္ေတာ္တို႔ကို ရွင္းျပခဲ့ပါတယ္။ Service သမားေတြဘက္က ေျပာမယ္ဆိုရင္ ဒါေလးသံုးထားတာပဲ ဘာျဖစ္လို႔လဲဆိုၿပီး ေျပာေကာင္းေျပာႏိုင္ပါတယ္။ ဒါေပမယ့္ ဒါဟာ Privacy ကိုထိခိုက္ ခ်ိဳးေဖာက္ထားတာပဲျဖစ္ပါတယ္။ အခြင့္မရွိပဲ မိမိကိုယ္က်ိဳးအတြက္ အသံုးျပဳထားတာပဲ ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံက Computer Service ေတာ္ေတာ္မ်ားမ်ားက Customer ရဲ႕ Privacy ကိုတန္ဖိုးမထားတတ္သလို Customer ေတြကလည္း စိတ္အလိုမက်ေပမယ့္ မ်ိဳသိပ္ထားလိုက္ၾကတာပဲ မ်ားပါတယ္။ Service သမားတစ္ေယာက္ဟာ သီခ်င္းေလး တစ္ပုဒ္ Ebook ဖုိင္ေလးတစ္ခုေတာင္ ယူေဆာင္ခြင့္မရွိပါဘူး။ မသိေအာင္ယူသည္ျဖစ္ပေစ အသိေပးေတာင္းယူသည္ျဖစ္ပေစ ဘယ္လိုနည္းနဲ႔မွ မယူသင့္ပါဘူး။ Service သမားရဲ႕ လိုခ်င္တပ္မက္မႈဟာ Customer အတြက္ စိုးရိမ္စိတ္ေတြကိုျဖစ္ေပၚလာေစႏိုင္ပါတယ္။

ကၽြန္ေတာ္တို႔ ဟာ ႏိုင္ငံျခားသား Customer မ်ားနဲ႔ ဆက္ဆံရတာမ်ားလို႔ Privacy ပိုင္းမွာ တင္းၾကပ္တဲ့ စည္းကမ္းေတြကို ခ်မွတ္ထားပါတယ္။ ဒါေတာင္ Network မရလို႔ ေခၚျပင္တဲ့ Japan Company တစ္ခုမွာ လူမရွိတဲ့ စားပြဲေပၚက ဖြင့္ထားတဲ့ Laptop ရဲ႕ Wifi ေနရာေလးကို ငံုၾကည့္လိုက္မိလို႔ ခြင့္မေတာင္းပဲ ၾကည့္ရသလားဆိုၿပီး Laptop ပိုင္ရွင္က ျပႆနာရွာခဲ့ပါတယ္။ ခါးတစ္ဝက္ခ်ိဳး ဦးညြတ္ၿပီး အႀကိမ္ႀကိမ္ေတာင္းပန္ခဲ့ရဖူးပါေသးတယ္။ ဒါဟာ သင္ခန္းစာတစ္ခုပါ။ အခြင့္မရွိရင္ မ်က္စိနဲ႔ေတာင္ ၾကည့္ခြင့္မရွိဘူးဆိုတဲ့သေဘာပါ။

လူၾကီးမင္းတို႔ အေနျဖင့္ မိမိတို႔ စိတ္ခ်ရံုၾကည္ရေသာ Computer Service မ်ားႏွင့္ အာမခံခ်က္ေပးႏိုင္ေသာ စည္းကမ္းမ်ားနဲ႔ Computer Service Company မ်ားကိုေရြးခ်ယ္အသံုးျပဳဖုိ႔တိုက္တြန္းလိုက္ရပါတယ္။ ဒါမွ မလုိလားအပ္တဲ့ ဆံုးရွံးမႈေတြနဲ႔ မၾကံဳရမွာျဖစ္ပါတယ္။

အဆံုးခ်ဳပ္ရရင္ေတာ့ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ကၽြန္ေတာ့္ကိုယ္ေတြ႔ေလးေတြကို တြဲဖက္ရွင္းျပၿပီး Computer Service ပိုင္းမွာျဖစ္သင့္တဲ့အေနအထားေလးေတြကို တင္ျပခဲ့ျခင္းပဲျဖစ္ပါတယ္။ အထက္ပါစာမ်ားဟာ မည္သူ တစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္ေစရန္ရည္ရြယ္ျခင္းမရွိပဲ မိမိ၏ ထင္ျမင္ယူဆခ်က္ေလးမ်ားကိုသာ ေရးသားတင္ျပထားျခင္းျဖစ္ပါတယ္။

ေက်းဇူးတင္ပါသည္။