Office Trend Prediction

လုပ်ငန်းစတင် လုပ်ကိုင်လိုသူများနှင့် စည်းပွားရေးလုပ်ငန်းရှင် များအတွက် နောင်တွင် ပြောင်းလဲလာနိုင်သော ရုံးလုပ်ငန်း နည်းပညာများနှင့် trend များကို ခန့်မှန်း တင်ပြ ပေးလိုက်ရပါသည်။

မှေးမှိန်လာနိုင်သော Desktop PC များ
-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+

ပိုမိုသော ပစ္စည်းများ ရှုပ်ပွနေသော ကြိုးများ ဝန်ပိုမှုများနှင့် အတူ ထိန်းသိမ်း စရိတ်မြင့်မား၍ ပြောင်းရွှေ့ရန် မလွယ်ကူသောကြောင့် နောင်လာမည့် နှစ်များအတွင်း Desktop PC အသုံးပြုမှုများ မှေးမှိန် လာနိုင်ဖွယ်ရာ ရှိနေသည်။ ယခင် ကာလများတွင် ရုံးသုံး ကွန်ပြူတာများကို Desktop PC များသာ သုံး၍ Laptop များကို Personal သုံးအနေဖြင့်သာ အသုံးပြုခဲ့ကြသည်။ ယခုအခါတွင် သယ်ယူရ လွယ်ကူခြင်း Performance မြင့်မားလာခြင်း များကြောင့် Laptop များကို ရုံးလုပ်ငန်း များတွင်ပါ အသုံးပြု လာကြတာကို တွေ့ရှိနေရပါသည်။ Laptop များသည် ရုံးခန်း အပြောင်း အရွှေ့များ ပြုလုပ်ရာတွင် လွယ်ကူခြင်း Meeting ခန်းမများသို့ သယ်ယူ သွားနိုင်ခြင်း အိမ်သို့အလုပ်များ သယ်ယူ သွားနိုင်ခြင်းနှင့် အလုပ်ကိစ္စ ခရီးထွက်ခြင်း တွေမှာပါ ပေါ့ပေ့ါပါးပါး သယ်ယူသွားနိုင်ခြင်းတို့ဖြင့် ရုံးလုပ်ငန်း များတွင် နေရာ ယူလာနေသည်။ Desktop PC များကို Graphic Design များ Video Editing များနှင့် Engineering Drawing များနှင့် မဖြစ်မနေ High End Performance အသုံးပြုရန် လိုအပ်သော နေရာများတွင်သာ အသုံးပြု ကြတော့သည်ကို တွေ့ရသည်။ Mobile devices များ၏ စွမ်းဆောင်ရည် မြင့်မား လာမှုများကလည်း Desktop PC များအရေးပါမှုကို ပါဝင်ချိန်းခြောက် နေကြပြန်သည်။ ယခုနှစ်ပိုင်းတွင်းမှ စတင် တည်ထောင်သော မြန်မာ Company များနှင့် နိုင်ငံခြားမှ ဝင်လာသော Company တော်တော် များများသည် Laptop များကိုသာ အားထား အသုံးပြု နေသည်ကို တွေ့မြင်နေရပါသည်။ ထိုအချက်များကြောင့် မကြာမှီ အချိန်ကာလများတွင် Laptop အသုံးပြုမှုများကို ယခုထက်ပို၍ တွေ့ရှိလာနိုင်ပါသည်။

Mobile Office များ
-+-+-+-+-+-+-+-+-+-+-+-+-+-+

စတင် တည်ထောင်သော Company များသည် အခန်းကျဉ်း ရုံးခန်းများ လူနေအိမ်နှင့် တွဲဖက်ထားသော ရုံးခန်းများကို အသုံး ပြုလာကြသည်။ ရုံးခန်း ငှားရမ်းစာချုပ် များကိုလည်း ၁နှစ်ခန့်သာ ချုပ်ဆိုကြသည်။ ရုံးအသုံးအဆောင် ပစ္စည်းများကိုလည်း ပေါ့ပါး၍ ပြောင်းရွှေ့သယ်ယူရန် လွယ်ကူသော ပစ္စည်းများကိုသာ ရွေးချယ် အသုံးပြုလာကြသည်။ အချိန်နှင့် အမျှ တိုးတက် ပြောင်းလဲနေသော စည်းပွားရေး စနစ်ကြီးအတွင်း လိုက်ရော ညီထွေစွာ နေထိုင်နိုင်ရန် အသားပေး စဉ်းစား လာကြသည်။ Company အရွယ်အစား အပြောင်းအလဲ ပေါ်မူတည်၍ ရုံးခန်း တည်နေရာများကို ပြောင်းခြင်း ဈေးကွက် အခြေအနေ ပေါ်လိုက်၍ ရုံးခန်းတည်နေရာများကို ပြောင်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် အပေ့ါစား ရုံးခန်းများကို တည်ဆောက် အသုံးပြုကြသည်။ သာမန်အဆင့် Meeting များကို နှစ်ဦးနှစ်ဖက် သွားလာရန် လွယ်ကူသောနေရာ ကားပါကင် ကောင်းမွန်သော စားသောက်ဆိုင်များ Cafe` များတွင် ချိန်းဆို ဆောင်ရွက် လာကြသည်။ အရေးကြီးသော Meeting များ Presentation များကို Hotel များမှ Meeting Room များကို ငှားရမ်း အသုံးပြု လာကြသည်။ လုပ်ငန်း စတင်တည်ထောင် ကာလတွင် အသုံးစရိတ် လျှော့ချရေးသည် အရေးကြီးသည့် အချက်ဖြစ်သည့်အတွက် နောက်ပိုင်းတွင် Mobile Office များပိုမို များပြားလာနိုင်ပါသည်။

Cloud based Service များ
-+-+-+-+-+-+-+-+-+-+-+-+

ယခု နှစ်ပိုင်းတွင် Internet Service Provider များ အပြိုင်အဆိုင် ပေါ်ထွက်လာသည် နှင့်အမျှ Internet ဝန်ဆောင်မှု များလည်း မြင့်မားလာခဲ့ပါသည်။ ထို့အတူ Cloud Service များကို ပိုမို အသုံးပြု လာနိုင်ကြပါသည်။ Cloud Service များသည် Company များ၏ လိုအပ်ချက်များကို ဖြည့်တင်း ပေးနိုင်စွမ်းရှိပါသည်။ Comapny Data များကို Cloud ပေါ်တွင်သိမ်းခြင်း Office Application များကို Cloud ပေါ်တွင် အသုံးပြုခြင်း အပြင် Firewall များကိုပါ Cloud based များအဖြစ် အသုံးပြု လာနိုင်နေပါသည်။ Software Company များမှလည်း Software များကို ဖန်တီး ရေးသားရာတွင် Cloud based အဖြစ်ရေးသားခြင်းများကို ပိုမို တွေ့မြင် လာနေရပါသည်။ ယခင် အချိန်များကလို Rack များ NAS များနှင့် Hard disk မြောက်များစွာကို တွဲဖက်၍ Data Store လုပ်ခြင်းမှ Cloud ပိုင်းသို့ ပြောင်းရွှေ့လာနေကြသည်ကို တွေ့မြင် နေရပါသည်။ Cloud ပေါ်တွင် Data များသိမ်းထားခြင်းဖြင့် Infrastructure များ၏ ကုန်ကြစရိတ်များ ပြုပြင် ထိန်းသိမ်းခြင်း စရိတ်များကို လျှော့ချ လာနေကြပါသည်။ သဘာဝဘေးများ မီးဘေးများကြောင့် မိမိ Data များ ဆုံးရုံးခြင်းများကို ကာကွယ်နိုင်ခြင်း တို့ကြောင့် Cloud Service များကို ပိုမိုအားထား လာကြသည်။ Cloud Service များတွင် အားနည်းချက်များ ရှိနေသည့်တိုင် များမကြာမှီ အချိန်များတွင် ပိုမိုအရေးပါလာနိုင်ပါသည်။

ကျေးဇူးတင်ပါသည်။