Password Security

သင့် Password ကလုံခြုံမှုရှိရဲ့လား …… ??

ယနေ့အချိန်မှာ လူတိုင်းဟာ အကောင့်ပေါင်းများစွာအတွက် Password ပေါင်းများစွာကို မှတ်သားထားရပါတယ်။ အဲဒီလို မှတ်သားထားရာမှာ မမေ့ရလေအောင် မှတ်မိလွယ်တဲ့ မိမိနဲ့ ပတ်သက်တဲ့ Password တွေကိုသာ အသုံးပြုကြတာ များပါတယ်။ အကောင့်အားလုံးကိုလည်း Password တစ်ခုတည်းပေးတတ်ကြပါတယ်။

အဲဒီလို ပေးထားခြင်းက မိမိ Password ရဲ့ လုံခြုံမှုကို အားနည်းစေပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲကနေ Password များကိုပေးထားမိတယ်ဆိုရင်တော့ ပြန်လည်စဉ်းစား သင့်တဲ့ အကြောင်း မျှဝေပေးလိုက်ရပါတယ်။

တကယ်လို့ မိမိ Password ဟာ –

(၁) အမည်များ

မိမိ နာမည်အပြည့်စုံ / အတိုကောက်
မိမိ ချစ်သူ အမည် အပြည့်အစုံ / အတိုကောက်
မိမိ မိဘ အမည် အပြည့်အစုံ / အတိုကောက်
မိမိ မွေးချင်း အမည် အပြည့်အစုံ / အတိုကောက်
မိမိ အချစ်ဆုံး သူငယ်ချင်း အမည် အပြည့်အစုံ / အတိုကောက်
မိမိ အိမ်မွေး တိရိစ္တာန် အမည် အပြည့်အစုံ / အတိုကောက်
မိမိ အလုပ်အမည် အပြည့်အစုံ / အတိုကောက်
မိမိ ကျောင်းအမည် အပြည့်အစုံ / အတိုကောက်
မိမိ အကြိုက်ဆုံး အဆိုတော် သရုပ်ဆောင် အမည် အပြည့်အစုံ / အတိုကောက်

(၂) နေ့စွဲများ

မိမိ မွေးနေ့ / မိဘ မွေးနေ့ / ချစ်သူ မွေးနေ့ / ချစ်သူ ဖြစ်တဲ့နေ့

(၃) ဖုန်းနံပါတ်များ

မိမိ လက်ကိုင်ဖုန်း / အလုပ်ဖုန်း / အိမ်ဖုန်း
မိမိ ချစ်သူ လက်ကိုင်ဖုန်း / အလုပ်ဖုန်း / အိမ်ဖုန်း
မိမိ အချစ်ဆုံး သူငယ်ချင်း လက်ကိုင်ဖုန်း / အလုပ်ဖုန်း / အိမ်ဖုန်း
မိမိ မှတ်ပုံတင် နံပါတ်

(၄) အကြိုက်ဆုံး အရာများ

မိမိ အကြိုက်ဆုံး Brand / ပစ္စည်းများ
မိမိ အကြိုက်ဆုံး အရောင် / အသီး / အပင် / ပန်းပွင့်
မိမိ အကြိုက်ဆုံး တိရိစ္ဆာန် / ရုပ်ရှင် ဇတ်ကောင် / ဂိမ်း ဇတ်ကောင်
မိမိ အကြိုက်ဆုံး ဇတ်ကား / ဝတ္ထု
မိမိ အလေးစားဆုံး ပုဂ္ဂိုလ် / သူနှင့် ပတ်သက်သည့် အချက်များ

(၅) လွယ်လွန်းသော Password များ

123456789 / abcdefg / hello / password / iloveu / admin

အထက်ပါအချက်များနှင့် ကွတ်တိ ဝင်နေတယ်ဆိုရင်တော့ မိမိ Password ကို ပြည်လည်သုံးသပ်သင့်သည်လို့ ထင်ပါတယ်။

အကောင်းဆုံး Password ကတော့ အထက်ပါအချက်အလက်များနှင့် မတိုက်ဆိုင်သည့် မိမိနှင့် သက်ဆိုင်မှုမရှိသည့် အရာများကို အက္ခရာ အကြီးအသေးများ နံပါတ်များ နှင့်ရောထွေးအသုံးပြုခြင်းတို့ပဲ ဖြစ်ပါတယ်။

မိမိနဲ့လည်း မသက်ဆိုင် မှတ်မိလည်းလွယ်အောင် မည်သို့ Password ပေးသင့်သည်ကို ဆက်လက်မျှဝေပေးသွားပါမယ်။

ကျေးဇူးတင်ပါသည်။