Personal Computer and Data Privacy

ကျွန်တော်တို့ အိမ်မှာ အသုံးပြုနေတဲ့ အိမ်သုံး ကွန်ပျူတာ Laptop နှင့် Desktop တွေဟာ ကိုယ့်အိမ်မှာ ရှိနေတာ၊ ကိုယ်ကလွဲရင် အခြားသူတွေ ကိုင်တွယ်ခြင်းမရှိတာတွေက စိတ်ချလက်ချ အသုံးပြုစေတဲ့ အကြောင်းပြချက် ကောင်းတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ကြိုမစဉ်းစားထားမိတဲ့ အချက်တစ်ချက် ကတော့ ကွန်ပျူတာ ပျောက်သွားရင်၊ ဒါမှမဟုတ် ပျက်သွားလို့ ဆိုင်ပို့ရရင် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Laptop ကလည်းဖွင့်လို့ မရတော့တဲ့ အခြေအနေ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း မသိမ်းရသေးတဲ့ အခြေအနေ မျိုးတွေကို ကျွန်တော်တို့ ရင်ဆိုင်လာရ နိုင်တဲ့အတွက် အောက်ပါ အချက်များကို ကြိုတင် သတိပြု သုံးသင့်တယ်လို့ အကြံပြု ရေးသားလိုက်ရပါတယ်။
-+-+-+-+-+-+-+-+-+-+-+-+
Data Storage

အရင်တုန်းက ကျွန်တော်တို့ Laptop ဝယ်ရင် Hard disk Space များများပါတာကို ရွေးဝယ်ကြပါတယ်။ Internal Hard disk Space များများထက် External Hard disk ကောင်းကောင်း တစ်ခုသာ လိုပါတယ်။ မိမိရဲ့ Photo, Movie နှင့် အခြား ကိုယ်ရေးကိုယ်တာ ဆိုင်ရာ အချက်အလက်များကို External Hard disk ထဲမှာသာ သိမ်းထားသင့်ပါတယ်။ ပြီးနောက် External Hard disk ကိုလည်း Bitlocker လိုမျိုး Encrypt လုပ်တဲ့ software များနဲ့ သိမ်းထားသင့်ပါတယ်။ Password ခံထားသင့်ပါတယ်။ အခြားအရေးမကြီးတဲ့ သီချင်းတွေ ရုပ်ရှင်တွေလောက်သာ Laptop ထဲမှာသိမ်းထားသင့်ပါတယ်။
-+-+-+-+-+-+-+-+-+-+-+-+
Browsing History

ကျွန်တော်တို့အသုံးပြုနေတဲ့ Browsers တွေက အသုံးပြုမှု History တွေကိုမှတ်ပေးထားပါတယ်။ ဘယ်နေ့ဘယ်ရက်တွေမှာ ဘယ် website တွေကို အသုံးပြုခဲ့သလည်းဆိုတာမှတ်သားပေးထားပါတယ်။ ဒါတွေဟာ အရေးမကြီးဘူးထင်ရပေမယ့် ကျွန်တော်တို့ရဲ့ ဘဝ နေထိုင်မှုပုံစံ တစိတ်တဒေသကို ဖော်ပြပေးနိုင်တာ ဖြစ်တဲ့အတွက် Browsing history ကို ပိတ်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။
-+-+-+-+-+-+-+-+-+-+-+-+
Saved Logins

ကျွန်တော်တို့ အသုံးပြုနေတဲ့ Browsers တွေက ကျွန်တော်တို့ အသုံးပြုနေတဲ့ Website တွေကို Password နဲ့ဝင်တဲ့အခါ Password တွေကို Save လုပ်မလားလို့ မေးပါတယ်။ Save လုပ်ခွင့်ပြုလိုက်ရင် Username နဲ့ Password တွေကို Save ပေးထားပါတယ်။ ပြန်ကြည့်လို့လည်း ရပါတယ်။ ဒါကြောင့် မိမိ Laptop ဟာ တခြားသူလက်ထဲ ရောက်နေတဲ့အခါ Save Logins ဖြစ်နေတဲ့ website တွေအကုန်လုံးကို ထိုသူမှ အသုံးပြု နေနိုင်မှာဖြစ်ပြီးထို Password တွေကိုကြည့်ပြီးတော့ မိမိရဲ့အခြား Website တွေ Account တွေကိုပါ Password ခန့်မှန်းဖို့ အရမ်းလွယ်ကူတဲ့ အနေအထားဖြစ်သွားပါတယ်။ ဒါကြောင့် Saved Password ကိုပိတ်ထားသင့်ပါတယ်။
-+-+-+-+-+-+-+-+-+-+-+-+
Download Path

ကျွန်တော်တို့ Internet ကနေ Download လုပ်ထားသမျှအရာအားလုံးကို တနေရာထဲသို့ ဆင်းစေရန် သတ်မှတ် ပေးထားသော လမ်းကြောင်းဖြစ်ပါတယ်။ အဲဒီနေရာမှာလည်း မိမိတို့ရဲ့ အရေးကြီး အချက် အလက်တွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် Download path ကို External Hard disk ထဲသို့ လမ်းကြောင်း ပြောင်းပေးထားသင့်ပါတယ်။

ဤပို့စ်ကို ရှယ်ပေးခြင်းဖြင့် မိမိ ပတ်ဝန်းကျင် မိသားစု မိတ်ဆွေများအတွက်လည်း မျှဝေပေးစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။