Unicode –

Public Wifi တွေဟာ လူတိုင်း အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် မိမိနဲ့ အတူ အသုံးပြုနေသူတွေထဲမှာ Hacker တွေပါလာနိုင်ပါတယ်။ Hacker တွေဟာ Man in the middle attack ကို အသုံးပြုပြီးတော့ Network တစ်ခုလုံးကို စောင့်ကြည့် တိုက်ခိုက်နိုင်ပါတယ်။

Hacker က Gateway Router ကို Hack ပြီးတော့ သူရဲ့ ကွန်ပျူတာ ထဲမှာ Gateway တစ်ခု တည်ဆောက်ပြီး သူ့ ကွန်ပျူတာ ထဲက Gateway ကို Network တစ်ခုလုံးရဲ့ Main Gateway အဖြစ် ပြောင်းလည်း ထားလို့ ရနိုင်ပါတယ်။ အဲဒါဆိုရင် Network တစ်ခုလုံးက Internet အသုံးပြုမှု တွေဟာ သူ့ရဲ့ ကွန်ပျူတာကို ဖြတ်သွားပြီးမှ Internet Router ကိုရောက်မှာ ဖြစ်ပါတယ်။ မိမိက မူရင်း Facebook ကိုဖွင့်လိုက်ပေမယ့် သူက Facebook ပုံစံ ဟန်ဆောင်ထားတဲ့ website အတုတစ်ခုစီကို ခေါ်သွား နိုင်ပါတယ်။ အဲဒီ Facebook website အတုမှာ မိမိ username နဲ့ password ကို ရိုက်လိုက်မိပြီ ဆိုရင်တော့ သူက မိမိ username နဲ့ password ကိုရရှိသွားပြီ ဖြစ်ပါတယ်။

Wireshark လို Network traffic Tools တွေကို အသုံးပြုပြီးတော့လည်း ဘယ်သူတွေ ဘာသုံးနေတယ် ဆိုတာကို စောင့်ကြည့်နေနိုင်ပါသေးတယ်။

မိမိ ကွန်ပျူတာကို Windows exploit တွေ အသုံးပြု ပြီးတော့လည်း တိုက်ခိုက် လာနိုင်ပါသေးတယ်။ ဥပမာ Windows Media Player ကို update လုပ်ခိုင်းတဲ့ Alert လိုမျိုးတွေနဲ့ မိမိက update လုပ်လိုက်မိတဲ့အခါ Malware ကို မိမိ ကွန်ပျူတာထဲ Download လုပ်ပြီးသား ဖြစ်သွားတာမျိုးပါ။

မိမိ ကွန်ပျူတာမှာ Share folder တွေကို Full access နဲ့ ပေးထားမိတာ ရှိနေမယ်ဆိုရင်တော့ Hacker က မိမိ Share folder အတွင်းမှာ ရှိနေတဲ့ ဖိုင်တွေကို ကြည့်ခွင့်ရနေမှာ ဖြစ်တဲ့ပြင် Share Folder ထဲမှာ Virus ထားပေးသွားနိုင်မှာ ဖြစ်ပါတယ်။ မိမိက အဲဒီ Virus/Trojan ကို မသိပဲ ဖွင့်ကြည့်လိုက်မိတဲ့ အခါမျိုးမှာ မိမိ ကွန်ပျူတာ infected ဖြစ်သွားမျိုးတွေလည်း ရှိနိုင်ပါတယ်။

အောက်ပါ အချက်လေးတွေကို သတိပြုမယ်ဆိုရင်တော့ အန္တရာယ်တွေရဲ့ ရာခိုင်းနှုန်း့ အနည်းငယ် လောက်တော့ စိတ်ချသွားရမှာ ဖြစ်ပါတယ်။

မိမိ ကွန်ပျူတာမှာ Network တစ်ခုကို ချိတ်ဆက်လိုက်ပြီဆို Network profile ကိုရွေးခိုင်းပါတယ်။ Home/Private ရယ် Guest/Public ရယ်ဖြစ်ပါတယ်။ အဲဒီ နှစ်ခုမှာ Public Wifi ကို ချိတ်ဆက် အသုံးပြုတဲ့အခါ Public Network Profile ကို အသုံးပြုဖို့လိုအပ်ပါတယ်။
မိမိ ကွန်ပျူတာမှာ Share folder တွေကို အသုံးမပြုတဲ့အခါ ပိတ်ထားဖို့ လိုအပ်ပါတယ်။
အရေးကြီးတဲ့ website တွေကို အသုံးပြုတဲ့အခါ SSL connection (https://) နဲ့သာ အသုံးပြုသင့်ပါတယ်။
Antivirus နဲ့ Internet Security software တွေကို အမြဲ update ဖြစ်နေအောင် ဂရုစိုက်သင့်ပါတယ်။
Windows Firewall off ဖြစ်နေလား on ဖြစ်နေလားဆိုတာ ကို Network မချိတ်ဆက်ခင် စစ်ဆေးသင့်ပါတယ်။
ကိုယ်မရင်းနှီးတဲ့ Update/Download လုပ်ခိုင်းတာတွေ ပေါ်လာရင် မလုပ်ပါနဲ့။
မိမိဟာ လုံခြုံမှု မရှိတဲ့ Network တစ်ခုပေါ်မှာ ရောက်ရှိနေတယ် ဆိုတဲ့ အသိ အမြဲရှိပါ။
ကျေးဇူးတင်ပါသည်။

Zawgyi –

Public Wifi ေတြဟာ လူတိုင္း အသံုးျပဳႏိုင္တာ ျဖစ္တဲ့အတြက္ မိမိနဲ႔ အတူ အသံုးျပဳေနသူေတြထဲမွာ Hacker ေတြပါလာႏိုင္ပါတယ္။ Hacker ေတြဟာ Man in the middle attack ကို အသံုးျပဳၿပီးေတာ့ Network တစ္ခုလံုးကို ေစာင့္ၾကည့္ တိုက္ခိုက္ႏိုင္ပါတယ္။

Hacker က Gateway Router ကို Hack ၿပီးေတာ့ သူရဲ႕ ကြန္ပ်ဴတာ ထဲမွာ Gateway တစ္ခု တည္ေဆာက္ၿပီး သူ႔ ကြန္ပ်ဴတာ ထဲက Gateway ကို Network တစ္ခုလံုးရဲ႕ Main Gateway အျဖစ္ ေျပာင္းလည္း ထားလုိ႔ ရႏိုင္ပါတယ္။ အဲဒါဆိုရင္ Network တစ္ခုလံုးက Internet အသံုးျပဳမႈ ေတြဟာ သူ႔ရဲ႕ ကြန္ပ်ဴတာကို ျဖတ္သြားၿပီးမွ Internet Router ကိုေရာက္မွာ ျဖစ္ပါတယ္။ မိမိက မူရင္း Facebook ကိုဖြင့္လိုက္ေပမယ့္ သူက Facebook ပံုစံ ဟန္ေဆာင္ထားတဲ့ website အတုတစ္ခုစီကို ေခၚသြား ႏိုင္ပါတယ္။ အဲဒီ Facebook website အတုမွာ မိမိ username နဲ႔ password ကို ရိုက္လိုက္မိၿပီ ဆိုရင္ေတာ့ သူက မိမိ username နဲ႔ password ကိုရရွိသြားၿပီ ျဖစ္ပါတယ္။

Wireshark လို Network traffic Tools ေတြကို အသံုးျပဳၿပီးေတာ့လည္း ဘယ္သူေတြ ဘာသံုးေနတယ္ ဆိုတာကို ေစာင့္ၾကည့္ေနႏိုင္ပါေသးတယ္။

မိမိ ကြန္ပ်ဴတာကို Windows exploit ေတြ အသံုးျပဳ ၿပီးေတာ့လည္း တိုက္ခိုက္ လာႏိုင္ပါေသးတယ္။ ဥပမာ Windows Media Player ကို update လုပ္ခိုင္းတဲ့ Alert လိုမ်ိဳးေတြနဲ႔ မိမိက update လုပ္လိုက္မိတဲ့အခါ Malware ကို မိမိ ကြန္ပ်ဴတာထဲ Download လုပ္ၿပီးသား ျဖစ္သြားတာမ်ိဳးပါ။

မိမိ ကြန္ပ်ဴတာမွာ Share folder ေတြကို Full access နဲ႔ ေပးထားမိတာ ရွိေနမယ္ဆိုရင္ေတာ့ Hacker က မိမိ Share folder အတြင္းမွာ ရွိေနတဲ့ ဖိုင္ေတြကို ၾကည့္ခြင့္ရေနမွာ ျဖစ္တဲ့ျပင္ Share Folder ထဲမွာ Virus ထားေပးသြားႏိုင္မွာ ျဖစ္ပါတယ္။ မိမိက အဲဒီ Virus/Trojan ကို မသိပဲ ဖြင့္ၾကည့္လိုက္မိတဲ့ အခါမ်ိဳးမွာ မိမိ ကြန္ပ်ဴတာ infected ျဖစ္သြားမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္။

ေအာက္ပါ အခ်က္ေလးေတြကို သတိျပဳမယ္ဆိုရင္ေတာ့ အႏၱရာယ္ေတြရဲ႕ ရာခိုင္းႏႈန္း့ အနည္းငယ္ ေလာက္ေတာ့ စိတ္ခ်သြားရမွာ ျဖစ္ပါတယ္။

  • မိမိ ကြန္ပ်ဴတာမွာ Network တစ္ခုကို ခ်ိတ္ဆက္လိုက္ၿပီဆို Network profile ကိုေရြးခိုင္းပါတယ္။ Home/Private ရယ္ Guest/Public ရယ္ျဖစ္ပါတယ္။ အဲဒီ ႏွစ္ခုမွာ Public Wifi ကို ခ်ိတ္ဆက္ အသံုးျပဳတဲ့အခါ Public Network Profile ကို အသံုးျပဳဖို႔လိုအပ္ပါတယ္။
  • မိမိ ကြန္ပ်ဴတာမွာ Share folder ေတြကို အသံုးမျပဳတဲ့အခါ ပိတ္ထားဖုိ႔ လိုအပ္ပါတယ္။
  • အေရးႀကီးတဲ့ website ေတြကို အသံုးျပဳတဲ့အခါ SSL connection (https://) န႔ဲသာ အသံုးျပဳသင့္ပါတယ္။
  • Antivirus နဲ႔ Internet Security software ေတြကို အျမဲ update ျဖစ္ေနေအာင္ ဂရုစိုက္သင့္ပါတယ္။
  • Windows Firewall off ျဖစ္ေနလား on ျဖစ္ေနလားဆိုတာ ကို Network မခ်ိတ္ဆက္ခင္ စစ္ေဆးသင့္ပါတယ္။
  • ကိုယ္မရင္းႏွီးတဲ့ Update/Download လုပ္ခိုင္းတာေတြ ေပၚလာရင္ မလုပ္ပါနဲ႔။
  • မိမိဟာ လံုျခံဳမႈ မရွိတဲ့ Network တစ္ခုေပၚမွာ ေရာက္ရွိေနတယ္ ဆိုတဲ့ အသိ အျမဲရွိပါ။

ေက်းဇူးတင္ပါသည္။