Unicode –

Smart Phone Security လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ အရင်ဆုံး ပြေးမြင်တာက Phone ကို Physically Access မရအောင် Passcode တွေ Finger Print တွေ ခံတာကိုပဲ ပြေးမြင် မိကြပါတယ်။ တကယ်တမ်း မိမိမသိရှိရပဲ Hacker ကနောက်ကွယ် ကနေ မိမိ ဖုန်းကို Access ရနေခဲ့ရင် ဆိုတာကို လုံးဝ မတွေး မိထား ကြပါဘူး။ Hacker တစ်ယောက် ဟာ မိမိ ဖုန်းကို Access ရနေပြီ ဆိုရင် သူဘာတွေ လုပ်နိုင်မလဲ ဆိုတာ တွေးကြည့် ကြရအောင်။

မိမိ Contact list ထဲက ဖုန်းနာပါတ်တွေ သူအကုန် ရနေမယ်။ မိသားစု ချစ်သူ သူငယ်ချင်း အားလုံးရဲ့ ဖုန်းနာပါတ်တွေ သူသိနေမယ်။ မိမိ Gallery ထဲက ပုံတွေကို Original ဒါမှမဟုတ် Thumbnail အနေနဲ့သူ ကြည့်လို့ ရနေမယ်။ ဘယ်သူ တွေနဲ့ Message ပို့တယ် ဖုန်းပြောတယ် ဒါတွေကို စောင့်ကြည့် နေနိုင်မယ်။ GPS ကိုအသုံးပြု ပြီးတော့ မိမိ တည်နေရာကို သိရှိ နေနိုင်မယ်။

မိမိ ဖုန်းနဲ့ ချိတ်ဆက် ထားတဲ့ Gmail တို့ Facebook တို့ Password recovery လုပ်တဲ့ အခါ ဒါမှမဟုတ် login လုပ်တဲ့အခါမှာ သုံးတဲ့ 2 Step verification တွေကို မိမိ Message box ကနေ တဆင့် Code တွေကို ရယူပြီး အလွယ် တကူ ကျော်ဖြတ် သွားနိုင်ပါတယ်။

မိမိ ဖုန်း Hack မခံရအောင် ကာကွယ်ဖို့ ဆိုရင် ..

၁. Jailbreak or Root မလုပ်ပဲ အသုံးပြုပါ။

၂. Unkown source တွေကို အတတ် နိုင်ဆုံး မသွင်းပဲ နေပါ။

၃. Application တစ်ခု သွင်းတိုင်း ဘယ် Permission တွေကို တောင်းတာလဲ၊ မိမိ Contact list ကိုတောင်း တာလား၊ GPS ကိုလား၊ Message ကိုလား သေသေ ချာချာ ဖတ်ပြီးမှ သွင်းပါ။

၄. Phone Antivirus (Avira) / Firewall (NoRoot Firewall) လိုမျိုးတွေ အသုံးပြုပါ။

၅. မိမိ အသုံးမပြုတဲ့ Application တွေ မသိတဲ့ Application ကို ဖြုတ်ထားပါ။

၆. တစ်နှစ် တစ်ခါလောက် ဖုန်း တစ်ခုလုံးကို Backup လုပ်ပြီး Reset ချပါ။

၇. မိမိ အမြဲအသုံးပြု ဖြစ်တဲ့ Application တွေပဲ သွင်းပါ။ လိုရမယ်ရ အသုံးပြုဖို့ ဆိုတဲ့ Application တွေ မသွင်းထားပါနဲ့။

ကျေးဇူးတင်ပါသည်။

Zawgyi –

Smart Phone Security လို႔ေျပာလိုက္တာနဲ႔ ကြ်န္ေတာ္တို႔ အရင္ဆံုး ေျပးျမင္တာက Phone ကို Physically Access မရေအာင္ Passcode ေတြ Finger Print ေတြ ခံတာကိုပဲ ေျပးျမင္ မိၾကပါတယ္။ တကယ္တမ္း မိမိမသိရွိရပဲ Hacker ကေနာက္ကြယ္ ကေန မိမိ ဖုန္းကို Access ရေနခဲ့ရင္ ဆိုတာကို လံုးဝ မေတြး မိထား ၾကပါဘူး။ Hacker တစ္ေယာက္ ဟာ မိမိ ဖုန္းကို Access ရေနၿပီ ဆိုရင္ သူဘာေတြ လုပ္ႏိုင္မလဲ ဆိုတာ ေတြးၾကည့္ ၾကရေအာင္။

မိမိ Contact list ထဲက ဖုန္းနာပါတ္ေတြ သူအကုန္ ရေနမယ္။ မိသားစု ခ်စ္သူ သူငယ္ခ်င္း အားလံုးရဲ႕ ဖုန္းနာပါတ္ေတြ သူသိေနမယ္။ မိမိ Gallery ထဲက ပံုေတြကို Original ဒါမွမဟုတ္ Thumbnail အေနနဲ႔သူ ၾကည့္လုိ႔ ရေနမယ္။ ဘယ္သူ ေတြနဲ႔ Message ပို႔တယ္ ဖုန္းေျပာတယ္ ဒါေတြကို ေစာင့္ၾကည့္ ေနႏိုင္မယ္။ GPS ကိုအသံုးျပဳ ၿပီးေတာ့ မိမိ တည္ေနရာကို သိရွိ ေနႏိုင္မယ္။

မိမိ ဖုန္းနဲ႔ ခ်ိတ္ဆက္ ထားတဲ့ Gmail တို႔ Facebook တို႔ Password recovery လုပ္တဲ့ အခါ ဒါမွမဟုတ္ login လုပ္တဲ့အခါမွာ သံုးတဲ့ 2 Step verification ေတြကို မိမိ Message box ကေန တဆင့္ Code ေတြကို ရယူၿပီး အလြယ္ တကူ ေက်ာ္ျဖတ္ သြားႏိုင္ပါတယ္။

မိမိ ဖုန္း Hack မခံရေအာင္ ကာကြယ္ဖို႔ ဆိုရင္ ..

၁. Jailbreak or Root မလုပ္ပဲ အသံုးျပဳပါ။

၂. Unkown source ေတြကို အတတ္ ႏိုင္ဆံုး မသြင္းပဲ ေနပါ။

၃. Application တစ္ခု သြင္းတိုင္း ဘယ္ Permission ေတြကို ေတာင္းတာလဲ၊ မိမိ Contact list ကိုေတာင္း တာလား၊ GPS ကိုလား၊ Message ကိုလား ေသေသ ခ်ာခ်ာ ဖတ္ၿပီးမွ သြင္းပါ။

၄. Phone Antivirus (Avira) / Firewall (NoRoot Firewall) လိုမ်ိဳးေတြ အသံုးျပဳပါ။

၅. မိမိ အသံုးမျပဳတဲ့ Application ေတြ မသိတဲ့ Application ကို ျဖဳတ္ထားပါ။

၆. တစ္ႏွစ္ တစ္ခါေလာက္ ဖုန္း တစ္ခုလံုးကို Backup လုပ္ၿပီး Reset ခ်ပါ။

၇. မိမိ အျမဲအသံုးျပဳ ျဖစ္တဲ့ Application ေတြပဲ သြင္းပါ။ လိုရမယ္ရ အသံုးျပဳဖို႔ ဆိုတဲ့ Application ေတြ မသြင္းထားပါနဲ႔။

ေက်းဇူးတင္ပါသည္။